‌~5~

1.6K 187 13
                                    


Unicode

ဒေါက်…

“လာ…..

မျက်နှာလေးရွှင်နေရင်းနဲ့မှ သူ့ကို တွေ့ပြီး ပြန်တည်သွားသော ဂျောင်ကုကြောင့်

Hobi:: “မင်းကြိုဆိုတဲ့ ပုံကလဲကွာ ငါက မင်းလာစေချင်နေတဲ့သူမဟုတ်ဘူးထင်တယ်”

“မဟုတ်ပါဘူး hyun ရဲ့”

အခန်းထဲတွင် ခေါက်တုံ ခေါက်ပြန်လျောက်ပြီး ဂနာမငြိမ် ဖြစ်နေသော ဂျောင်ကု ကြောင့်

Hobi::: ဟာ ဟျောင့် ဘာဖြစ်နေတာလဲကွာ မျက်စိနောက်လာပြီ…

“ ခုနေလည်တောင် ကျော်နေပြီ ဘာလို့ မရောက်လာသေးတာလဲ”

“ဟမ် ဘယ်သူလဲ ဘယ်သူလာဖို့ရှိလို့လဲ”

Hobi အမေးကို မဖြေဘဲ တံခါး အပေါက်ဝကိုပဲ ခဏ ခဏ ကြည့်နေသော ဂျောင်ကု

ဒေါက်..ဒေါက်..

တံခါးခေါက်သံကြားတော့ အလုပ်စားခုံတွင် တည်တည်ငြိမ်ငြိမ် ပြန်ထိုင်နေသော ဂျောင်ကုကို hobi က နားမလည်စွာဖြင့် ကြည့်သည်။

“CEO Jeon စောင့်နေရတာ ကြာသွားလား ကျွန်တော် နည်းနည်း နောက်ကျသွားတယ်"”

“ အချိန်တောင် အဲ့လောက်ရှိသွားပြီလား ကျွန်တော်လဲ အလုပ်တွေရှုပ်နေတာနဲ့ အချိန်ဒီလောက်ရှိသွားမှန်းမသိလိုက်ဘူး”

“တော်သေးတာပေါ့ ကျွန်တော်က CEO စောင့်နေရမှာ စိုးနေတာ"”

” ကျွန်တော်က ကိုယ့်အလုပ်နဲ့ ကိုယ်မို့ စောင့်နေသလို မဖြစ်ဘူး ဆိုပေမဲ့ ခင်ဗျားကတော့ နောက်ကျလို့ မဖြစ်ဘူးလေ ခင်ဗျား အဆာလွန်ပြီး ဗိုက်အောင့်ရင် ဘယ်လို့ လုပ်မလဲ"”

" ဗျာ..

“ အမ်း… ကျွန်တော် ပြောတာ ကျွန်တော် ဗိုက်အောင့်ရင် ဘယ်လိုလုပ်မလဲလို့”

“ အော် ဟုတ်ကဲ့ နောက်တစ်ခါ နောက်တစ်ခါ နောက်မကျစေရပါဘူး ceo jeon”

“ အင်း ခုတော့ သွားရအောင်”

“nae”

Hobi တစ်ယောက် သူ့ကိုတောင် မကြည့်ဘဲ  အခန်းထဲမှ ထွက်သွားသော နှစ်ယောက်ကို ကြည့်ရင်း

Love is Healing [ Completed ]Where stories live. Discover now