‌~24~

1.2K 148 14
                                    

Unisode

လွန်ခဲ့သော ၇နှစ်ကျော်က အတိတ်…

အထက်တန်းကျောင်းသားလေးဂျင် ကျောင်းဆင်းပြီ မို့ အိမ်ပြန်မလို့ ပြင်နေတုန်း တုန်ခါ လာသောဖုန်းကြောင့် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကိုင်လိုက်သည်။

ကုကီ ဆီခေါ်သောဖုန်း

“ ဟဲလို ကိုကို မလာသေးဘူးလား”

“ ဘာကို မလာသေးဘူးလားလဲ”

“ဟာ ကိုကို မေ့သွားပြီလား ဒီနေ့ ကျွန်တော့်ကို အဖြေပေးမယ်လို့ ပြောထားတယ်လေ”

ဟင် အဖြေပေးမယ် သူဘယ်တုန်းက ပြောမိလို့လဲ ..

ဟိုတစ်နေ့ ကုကို အရုပ်လက်ဆောင်ပေးတုန်းက ကုက သူ့ကို နမ်းသွားတာကို ပြန်မြင်ယောင် မိလာတော့ သူမျက်နှာတစ်ခုလုံး ပူနွေးသွားသည်။ သူပိုပြီး မကျေမနပ်ဖြစ်မိတာက ၁၅နှစ်အရွယ်ကောင်လေးက ၁၈နှစ်အရွယ်သူ့ကို လာကျောသွားတယ်ဆိုတာပဲ…

နေပါလေ့စေဦး အဲ့ကောင်လေးကို ညှင်းဆဲဦးမယ်..

“ဟျောင့် ဘာတွေလာပြောနေတာလဲ ငါဘာမှ မသိဘူး”

“ဟာကိုကို လာနော် ကျွန်တော်က ကိုကို မလာမချင်းစောင့်နေမှာ”

စောင့်ပေါ့ ဒီကလည်း မလာသေးဘူး စောင့်လိုက်စမ်း သူ့ကို အကြာကြီး.....

ဂျင်ကိုယ့်ဘာသာ ကြိတ်ရယ်မိရင်း အိမ်ပြန်ရန်သာ ပြင်လိုက်သည်။

ထိုအချိန်မှာမိုးသားများက တလိပ်လိပ်တတ်လာကာ ကောင်းကင်က တစ်ခါဏချင်းမှာပဲ မှောင်မဲလာသည်။ သူအိမ်ပြန်မဲ့ BUS ပေါ်တတ်လိုက်ချိန်မှာတော့ မိုးက သည်းကြီး မဲကြီး ရွာခဲ့သည်။

သူကားပေါ်မှာ ထိုင်နေရင်း စိတ်က မတင်မကျ..

ကု တကယ်ကြီး သူ့ကို မစောင့်လောက်ပါဘူးနော် မိုးရွာလာပြီဆိုတော့ အိမ်ပြန်မှာပါ….

BUS က သူ့အိမ်နားက မှတ်တိုင်မှာ ရပ်တော့ သူဆင်းမလို့ပြင်လိုက်သည်။ အာရုံထဲပေါ်လာတာက မျက်ဝန်းတွေထဲမှာ အမြဲ ဝမ်းနည်းနေတတ်တဲ့ကောင်လေး ...

ခေါင်းမာမာ နဲ့ မိုးရေထဲမှာ ရပ်စောင့်နေမယ့် ကောင်လေးကို မြင်ယောင်မိတော့… သူစိုးရိမ်လာကာ…

Love is Healing [ Completed ]Where stories live. Discover now