‌~21~

1.2K 146 9
                                    

Unicode

ဂျင် ထယ့်ကားပေါ်က ဆင်းပြီး အိမ်ထဲဝင်မည်အလုပ် ထယ်က ဆွဲကြိုးဆွဲပေးလာတာကြောင့် ငြိမ်နေလိုက်မိတော့ ထယ်က သူနှုတ်ခမ်းကို နမ်းလာခဲ့သည်။

သူတွန်းထုတ်မည်အလုပ် အရိပ်ကလေးတစ်ခုက မျက်လုံးထဲ ထပ်ပြီး ဝင်လာပြန်တော့ကြောင့် ထယ်အကျီကို ဆွဲကာ ထယ့်အနမ်းတွေကို တုန့်ပြန်မိသည်။

ဘာလို့ ဒီလို လိုက်ကြည့်နေရတာလဲကုရာ ငါမင်းကို ဘယ်လိုပုံစံ ထပ်ပြပေးရဦးမှာလဲ…

သူအခန်းထဲပြေးဝင်ပြီး ကုတင်ပေါ်ကို ပစ်လှဲလိုက်သည်။

ဂျင်ဆိုတဲ့ သူက အဲ့လိုပါပဲ..
သူသေမလောက်နာကျင်နေရပါစေ သူရဲ့ ပျော်ရွင်တဲ့ဘက်ခြမ်းကိုပဲ ပြပြီး သူရဲ့ အမှောင်ခြမ်းကို ဖွတ်ထားမှာ…

ခုသူလုပ်နေတာတွေက သူမိသားစု ပျော်ရွင်ဖို့ပဲလေ သူကိုယ်သူ အသုံးချခံပြီး သူများတွေပျော်ရွင်ရအောင်လုပ်ပေးမှာ…

ကု~ ကုကတော့..

ကု လဲ အဆင်ပြေမှာပါ ခုတောင် အောင်မြင်နေတဲ့ လူတစ်ယောက်ဖြစ်လာနိုင်တာပဲ မကြာခင် မေ့သွားပြီး ဘဝကို ခုလိုပဲ အောင်အောင်မြင်မြင် ဖြတ်သန်းမှာပါ…

ဟုတ်တယ်မလား ကု အဲ့လိုပဲ ဖြစ်ပေးပါ
သူကု အဆင်ပြေဖို့တွေးရင်း သူကိုယ့်ကို သူ့ကို သူ ပြန်နှစ်သိမ့်မိသည်။

--------------------------------

ဂျောင်ကု ဂျင်အိမ်ရှေ့က ကားကို ပြန်လှည့်လာခဲ့သည်။ တစ်ချိန်လုံးငိုနေမိခဲ့တဲ့သူက ခုတော့ မျက်ရည်တွေကုန်ခမ်းသွားသည့်အလား မငိုမိတော့။ နှလုံးသားထဲမှာလဲ ခံစားချက်တွေ ကင်းမဲ့နေသည်။ မျက်လုံးများကလဲ ကြောင်စွာ စိတ်အာရုံဆိုတာလဲ လွင့်ပျံနေသည်။ အကျင့်ပါနေတဲ့ လက်တွေကြောင့်သာ ကားက အိမ်ကို တန်းတန်းမတ်မတ် မောင်းလာခဲ့သည်။

သူအိမ်ထဲကို ရောက်တော့ ဟိုဆော့ hyun  က စီးကြိုပြီး ဆူသည်။

“ ဂျောင်ကု မင်းနေမကောင်းသေးဘဲနဲ့ ဘယ်တွေလျောက်သွားနေတာလား ဖုန်းဆက်တော့လဲ မကိုင်ဘူး”

သူ ဟိုဆော့ hyun ကို ပြန်ဖြေဖို့တောင် ပါးစပ်က မဖွင့်ဟချင်တာကြောင့် အခန်းထဲကို သူထွက်သွားမိသည်။

Love is Healing [ Completed ]Où les histoires vivent. Découvrez maintenant