Unicode
အော….အော့
အမဲသွေး ပန်းကန် ကိုကြည့်ရုံရှိသေးတယ် ပျို့တတ်နေသော CEO Tae
“ CEO မစားနိုင်ဘူးထင်တယ်”
“မင်းတောင် စားနိုင်သေးတာပဲ ကိုယ်လဲ စားနိုင်တယ်”
အမဲသွေး စွပ်ပြုတ်ကို ရှုပ်မဲ့ပြီး ကြိတ်မှိတ်စားနေသော Tae ကို ကြည့်ပြီး
Jin::: “တော်တော့ CEO မစားနဲ့တော့”
“ရတယ် စားနိုင်တယ်”
“တော်ပြီ မစားနဲ့တော့ အဒေါ်ကြီးရေ ဒီမှာ ပိုက်ဆံတင်ထားခဲ့တယ်”
ဂျင် Tae ရဲ့ လက်ကို အတင်းဆွဲပြီး ဆိုင်ပြင်သို့ ထွက်လာခဲ့သည်။
ရင်ဘတ်ကို တဒုန်းဒုန်း ထုနေသော Tae ကြောင့်
" မစားပါနဲ့ဆိုတာကို အစာမကြေ ဖြစ်နေပြီ ထင်တယ် လာဟို နားက store လေးကို သွားရအောင်"”
“ဒီမှာ ခဏထိုင်စောင့်”
သူ့ကို ဆိုင်ရှေ့တွင်ချထားသော ခုံတွင် ထိုင်ခိုင်းလိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။ဆိုင်ထဲမှ ပုလင်းလေး တစ်ပုလင်း ကိုင်ပြီး ပြန်ထွက်လာသည်။
“ရော CEO ဒါသောက်လိုက်”
့ကျောကုန်းကို သူ့လက်ဖြင့် ထုပေးပြီး ကျွန်တော့် လက်မောင်းကနေ လက်ဖျားထိ ဖိညစ်နိုပ်ပေးသည်။နောက် ကျွန်တော့် လက်မကို အပ်ချည်ကြိုးဖြင့် ပတ်ရင်း
“အပ်ချည်နဲ့ အပ် ဆိုင်ရှင်ဆီ က ခဏတောင်းလာတာ”
ကျွန်တော် လက်မကို အပ်နဲ့ ဖောက်မယ်လုပ်တော့…
“နေ … နေပါဦး ဘာလုပ်တာလဲ”
“ သွေး ဖောက်ပေးမလို့လေ”
“ ဟင်..သ သွေး ဘာလို့ဖောက်မှာလဲ”
“လက်မကို ဖောက်လို့ သွေး မည်းမည်းတွေ ထွက်လာရင် CEO အစာမကြေတာ ပျောက်သွားလိမ့်မယ်”
“ ရတယ် မဖောက်တော့ဘူး ပျောက်ပြီ”
“CEO မျက်နှာကြည့်ရတာ မကောင်းသေးပါဘူး CEO အပ်ကြောက်တယ်လို့တော့ မပြောနဲ့နော်”
“ မ မဟုတ်ပါဘူး..
သူ့ကို ကြည့်ပြီး ရယ်နေလေသည်။“ မနာပါဘူး ခဏလေးပဲ CEOက အပ်ကြောက်တယ်လား ဟ ဟား…”
YOU ARE READING
Love is Healing [ Completed ]
FanfictionCherry★Lily★Cosmos Don't forget me! Taejinkook စာရေးသူ၏ အတွေးသက်သက်သာ...