ဒီအပိုင်းလေးက မနေ့ကတင်တဲ့
(နောက်ကြောင်းပြန် 4)လေးရဲ့ အဆက်ပါနော်... ။
မဖတ်ရသေးသူတွေ (4)အရင်ဖတ်ပါ... ။ရက်ဆက်တွေ upပေးနေတာ မချစ်ဝူးယား..😢
upခိုင်းပြီး Voteမပေးရင် စိတ်ဆိုးမှာ... 😒😙
************************************
------------------------/////////////////--------------------မိုးသား - ဒီအခန်းထင်တယ်... 88ဆိုတော့...
မိုးသားက အခန်းနံပတ်ပြားကိုင်ကာ အခန်းရှာနေပေမဲ့ မင်းသစ်ကတော့ ဝိုင်တွေစီရီထားတဲ့ Trolleyကိုတွန်းကာ...
စိတ်က ခန်းမစီမှာ...** ဘာရယ်မဟုတ် အကြောင်းပြချက်မရှိပါဘဲ... စေ့စပ်ပွဲ ပျက်သွားရင်ကောင်းမယ် လို့တွေးနေမိသည် **
မိုးသားက ထိုအခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့်..
< Wow... >
မိုးသားလဲ အံ့သြသွားသလို ...
မင်းသစ်လဲ မျက်လုံးများ ဝိုင်းစက်သွားသည် ။လှချက်က ရက်ရက်စက်စက်ပင် ၊ တခါမှ ဒီလို မင်္ဂလာအခန်း အပြင်အဆင်ကို မမြင်ဘူးလို့လား မသိပေမဲ့ ၊ ဤအခန်းသည် မင်္ဂလာခန်းမလိုမျိုး Classicမဆန်ပါဘဲ ၊အရိုင်းဆန်သော နိဗ္ဗာန်အလား အခန်းတခုလုံး အနီရောင်ကို အထူးပြုသုံးစွဲထားကာ သဘောအကျဆုံးကတော့ ဖဲမွေ့ယာကြီးပါ.. ။
မိုးသား - ဘယ်သူမှတောင် မရှိကြတော့ဘူး...
ငါတို့လုပ်စရာရှိတာ အမြန်လုပ်ရမယ်...ပြောသလိုပင် အခန်းတခုလုံး တိတ်ဆိတ်နေသည်မို့ မင်းသစ်တို့ပဲ နောက်ကျသွားသလား... ။
မိုးသား - ငါပစ္စည်းစစ်လိုက်မယ်... မင်းကလိုအပ်တဲ့ ဝိုင်ဘာညာ စီစဉ်လိုက်...
မင်းသစ်လဲ အလျင်မြန်ပင် စာရွက်မှာရေးထားသော ဝိုင်နာမည်တွေကိုကြည့်ကာ Engilshစာညံ့သော်လဲ ပုလင်းမှာရေးထားသည်နဲ့ စာလုံးပေါင်းတူတာကို ရွေး၍ စီလိုက်သည် ။
ခဏနေကြတော့...
မိုးသား - အမြန်လုပ်... ငါဒီဘက်စစ်လို့ပြီးပြီ..
ချီးပဲ... အလျင်စလိုလုပ်လေ ပိုစိုးလေ ၊ လက်တွေ တုန်ရီလာကာ ပုလင်းတခုကို စီဖို့ အမြန်ဆွဲယူလိုက်ချိန်မှာ....
YOU ARE READING
ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ]
ChickLitမင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့ကို လုပ်ရမှာလဲ... ------------------------------------ +အသားပေးဆိုပေမဲ့ ဇာတ်လမ်းနဲ့ဟာသလေးလည်း ပါတာမို့... ဝင်ဖတ်သူ100မှာ90လောက်ကြိုက်မယ်လို့...