နားထဲသို့ ရေကျသံများကြားရသည်မှာ ..အပြင်မှာမိုးရွာနေတာလား.. ။ ဒါပေမဲ့ မိုးရွာသလိုမျိုး ဆူညံနေတာမျိုးရယ်မဟုတ်.. ထို့အတူ နှာခေါင်းထဲသို့တိုးဝင်လာသည့် ဆပ်ပြာနံ့သင်းသင်းလေး သူရေချိုးနေတာဖြစ်မယ်... ။"" မင်းသစ် စိတ်နဲ့ကိုယ်မကပ်ခင်ပင် ပထမဆုံးရရှိသောအာရုံများဖြစ်ပြီး လူတကိုယ်လုံး နာကျင်ကိုက်ခဲကာ အောက်ပိုင်းဆိုတန်း၍
လှူပ်ရှားလို့တောင်မရ.. ""ထို့ကြောင့် ရှေးဦးစွာမျက်လုံးကို ဖြည်းညှင်းစွာဖွင့်၍ ပတ်ဝန်းကျင်အားဝေ့ကြည့်သော် ဖြူစွပ်နေသည့် ရေမြုပ်ကုတင်ထက် အိနေအောင်ဝင်နေသည့် ခန္ဓာကိုယ်လေးမှာ ကိုက်ရာဗလပွ.. ။ ဒါပေမဲ့ ဒါတွေက တမင်နာကျင်အောင်လုပ်တယ်လို
မမြင်တော့ပါ ကိုယ့်ချစ်သူကြမ်းတာပေမို့ ခါးသည်ချိုသည် ကိုယ်ခံရမှာမလား.. ။ညကအဖြစ်ကို တွေးတောရင်းပင် မင်းသစ်ပါးတွေပူတက်လာသည်.. ကျွန်းပေါ်က ပြန်ရောက်ပြီးလုပ်တာ ဒီတစ်ခါပထမဆုံးပေမို့. တကယ့် သမီးရည်းစားတွေလို ခံစားချက်မျိုးရတာကြောင့်လဲပိုရှက်သည် ။ 2ယောက်အိပ် အိပ်ယာအထက် မင်းသစ် တဖက်သို့တရွေ့ရွေ့ကူးပြောင်းလိုက်သည်နှင့် တယောက်သောသူရဲ့အနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည် ။
"" ငါတို့မနေ့က တော်တော်ကြမ်းခဲ့ကြတာ.. ""
မင်းသစ် - အရမ်းမွှေးတာပဲ..
သူအိပ်စက်ခဲ့သည့် ခေါင်းအုံးအား တင်းကြပ်စွာဖက်ကာ စွဲငြိနေသောရနံ့များကို တဝကြီးရှူနေရင်း တီးတိုးရေရွတ်မိသည် ။
" ရမ္မက်ကြီးတာမဟုတ်ဘူး.. ချစ်တာ.. Bossကို သိပ်ချစ်တာ.. "
ထို့နောက်
ဘေးကရေချိုးခန်းတံခါးဖွင့်သံကြားသည်နှင့် မင်းသစ်မျက်နှာလေး ခေါင်းအုံးနုနုလေးထဲ တိုး၍ဝင်သွားသည် ။
" တဆက်ထဲမှာ မင်းသစ်အိပ်နေသည့် ကုတင်နားသို့ လျှောက်လာသော ခြေကိုကြားရပေမဲ့ လှည့်မကြည့်မိ ဘယ်သူဆိုတာသိသည်လေ.. ။သိပ်မကြာပါ ခါးသိမ်သိမ်လေးထံ အေးစက်သော လက်ဖဝါးရဲ့အထိတွေ့နဲ့အတူ ရေချိုးပီးစမွှေးပျံသည့်ရနံ့က နှာဖျားထဲသို့စူးကနဲ ရောက်လျှင်ပင် ပါးမို့မို့သို့အနမ်းခံလိုက်ရသည် ။ "
YOU ARE READING
ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ]
ChickLitမင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့ကို လုပ်ရမှာလဲ... ------------------------------------ +အသားပေးဆိုပေမဲ့ ဇာတ်လမ်းနဲ့ဟာသလေးလည်း ပါတာမို့... ဝင်ဖတ်သူ100မှာ90လောက်ကြိုက်မယ်လို့...