ကျွန်းပေါ်တွင် ( Sexy Dance )

2.8K 285 60
                                    


ည(6)နာရီထိုးပြီ... မင်းသစ်ခန္ဓာကိုယ်တစ်ခုလုံးက အဆစ်အမြစ်များလဲ ထုံကျင်ကိုက်ခံကာ နာကျင်မှုကပြောပြလို့တောင်မရတော့... ။

" ဘာလို့လဲမမေးပါနဲ့... မိုးသားခွေးကောင်ပေါ့ ဒီလိုပုံစံလုပ်ပေး.. ဒီလိုပြုစု.. ဒီလိုထိုင်.. ကိုယ်ကဒီလိုနေပေး...သူ့ကိုဒီလိုထိုင်ခိုင်း.. အကုန်လုံးကိုသင်ပေးလိုက်တာကြောင့် ဘဝတွင်တစ်ခါမှအဲ့လိုလုပ်ဖို့မပြောနဲ့ တွေးတောင်မတွေးဘူးတဲ့မင်းသစ် ပျော့ပြောင်းမှုမရှိတဲ့ခန္ဓာကိုယ်က လေ့ကျင့်ရင်း အရိုးအဆစ်တွေမှာတဂျွတ်ဂျွတ်... ဘာဘဲပြောပြော Bossငါ့ကိုစွဲသွားမှာမလားဟု အားတင်းကာ.. အချိန်(2)နာရီလောက် လေ့ကျင့်ရေးဆင်းခဲ့ရပြီး ညကလဲမအိပ်ရသေးတာမို့ လူကနုံးနေသည် ။ "

(( အခုနေများအိပ်ယာပေါ်လှဲလိုက်ရင် ကာလနဂါးတောင်ဆရာခေါ်ရမဲ့အိပ်ခြင်းဖြစ်သွားနိုင်သည် ။ ))

မင်းသစ် - အားတင်း..ဒီညပြီးရင် သူငါ့ကိုစွဲသွားမှာမို့ ရင်းသင့်ပါတယ်..

မင်းသစ်မှာနာရီတကြည့်ကြည့်ဖြင့် ဧည့်ခန်းအတွင်း အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်ဖြင့် မသာကောင်ပို့မဲ့ ပါဆယ်ကိုစောင့်နေတာ
တော်တော်ကြာတဲ့ထိ ပေါ်မလာပါ ။

(( တော်ကြာဝတ်ရမဲ့အဝတ်မရောက်ခင် Bossပြန်လါရင် ဒုက္ခပဲဟုတွေး၍ အမြန်ပင်phကောက်ယူ၍ contactsထဲကတစ်ခုထဲသော " တနှာရူးကြီး♥ " ဆိုတဲ့နံပတ်ထံကောက်နိုပ်လိုက်တော့... ))

တူ..တူ..တူ..

တော်တော်နဲ့ပင်မကိုင်ပါ ။ မင်းသစ်ကိုကျ အိမ်တွင်ထားခဲ့ပြီး ဘယ်မိန်းမနဲ့ပလူးနေပြန်ပြီလဲ.. ။

တူ..

နောက်ဆုံးphခေါ်သံတချက်အဆုံးတွင်တော့..

JorDan - Hello..

ခန့်ညှားသောလေသံမှာဖုန်းထဲတွင်တောင် တစက်မှလျော့ကျမသွား.. ဒါကြောင့်ပင် ဘာလို့ဖုန်းကိုင်ဖို့ကြာနေတာလဲဟု ရစ်မဲ့စကားတောင် ဘယ်ရောက်သွားပီလဲ မသိတော့ချေ.. ။

" သူ့ဖုန်းနံပတ်ကို မင်းသစ်နဲ့အရေးကြီးလူတချို့သာ သိသည် ။ အလုပ်ကိစတွေအကုန် အတွင်းရေးမှူး Ms
Junကိုင်သည် ။ အချို့အလုပ်တွေတော့ Aidenဖြေရှင်းသည် ။ တကယ့်ပွဲတွေ ၊ အစည်းအဝေး ၊ စာချုပ်ကိစတွေသာ JorDanကိုယ်တိုင်ပွဲတက်သည် ။ "

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Donde viven las historias. Descúbrelo ahora