ကျွန်းပေါ်တွင် ( Help... me )

2.7K 184 89
                                    


တိတ်ဆိတ်သောအခန်းတခုတွင် ရုတ်တရက်ရောက်လာတယ်ဆိုလျှင် သင်ဘာလုပ်မည်နည်း ။ မင်းသစ်ထိုအခန်းရဲ့ပတ်ပတ်လည်အပြင်အဆင်ကို မနားတမ်းကြည့်ရှုလိုက်သည် ။ မမှားပါဒီအပြင်အဆင် ဒီလိုမွေ့ယာခင်းသည် Hotelကိုရောက်နေခြင်းပင် ။ ထို့အပြင် ဒီအပြင်အဆင်များက 2ခါတွေးစရာမလို... ဒါ.. ။

မင်းသစ်တကိုယ်လုံး ထိုအတွေးကြောင့် ကျက်သီးများဖျန်းကနဲ...ထို့နောက် နောက်ကျောမလိုသလိုခံစားနေရင်းမှ တဖြည်းဖြည်းလှည့်ကြည့်သော် မင်းသစ်ကိုရဲရဲတောက် အပြာရောင်မျက်ဝန်းများဖြင့်စိုက်ကြည့်ကာ ထိုလူသည်တကိုယ်လုံးချွေးသံတရွှဲရွှဲကိုမှ ကောက်ကျစ်သောအပြုံးတို့ဖြင့် ထိုလူက2ခါစဥ်းစားစရာမလို Thamousဟုဦးနှောက်ကအတည်ပြုလိုက်သည်ကြောင့် ထိတ်လန့်သွားပြီး တချိန်ထဲမှာမင်းသစ်ပေါ်သို့ခုန်အုပ်လာသည့် ခန္ဓာကိုယ်ကြောင့် အသက်တောင်မရှုမိတော့ချိန် ။

" တင်းတောင်... တင်းတောင်... "

မင်းသစ် - ဟောဟဲ.. ဟောဟဲ...

ဘယ်ကမှန်းမသိ ရုတ်တရက်နားထဲဝင်လာသော အသံကြောင့် ဝုန်းကနဲလန့်နိုးကာ မျက်လုံးများဖျက်ကနဲပွင့်လာသည်နှင့် အလင်းစူးစူးများမြင်ကွင်းထဲသို့ ပြာကနဲရောက်လာပြီးလျှင် မျက်နှာကျက်ကအစ ခုနကလိုမဟုတ်တော့ပါ ။ ယခုမှာ ကျေးငှက်သံများဖြင့်ဆူညံလျှက် ပတ်ဝန်းကျင်တစ်ခုလုံး နေရောင်ကောင်းစွာရရှိသောအနေထားဖြစ်သော်လည်း မင်းသစ်ချွေးများရွှဲကာ အလူးလဲနံရံကနာရီလှမ်းကြည့်သော်မနက်9ခွဲ ။ ဒါဆိုခုနက အိမ်မက်ပေါ့ ။

" တင်းတောင်.. တင်းတောင်.. "

အဆက်မပျက်မြည်တမ်းနေသော လူခေါ်ဘဲလ်ကြောင့် ကြာကြာစဥ်းစားချိန်တောင်မရလိုက် အမြန်ပဲပြေးသွားဖွင့်ချိန် ။

[ Hello.. အမနာမည်ကသီတာမော်ပါ ၊ ဒီကမောင်လေးရဲ့ဗိုက်အခြေနေကြည့်ဖို့အတွက် Doctor Enochကလွှတ်လိုက်တဲ့ အထူးNurseပါရှင် ၊ ဒီမှာအထောက်ထားကဒ်ပါပါတယ်... ]

ပြောရင်းနဲ့မင်းသစ်စီသို့ ကဒ်တစ်ကဒ်ထိုးပေးတာကြောင့်လက်ခံယူလိုက်ချိန် တကယ်ပဲMr.Enochကလွှတ်လိုက်တာမို့တံခါးဖွင့်ပေးလိုက်သည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now