ကျွန်းပေါ်တွင် ( ဒုတိယရက် )

6.3K 632 42
                                    


မင်းသစ် - အား..ကျွတ်ကျွတ်...

စိုထိုင်းထိုင်း နဲ့ အခင်းမပါသော ကြမ်းပြင်ကြောင့် တကိုယ်လုံးလဲ တောင့်တင်းကာ မသာလိုဖြစ်တော့မှ မင်းသစ်လဲ သတိရတော့သည်။

ပထမဆုံး နာကျင်မှူက ခေါင်းစီမှာဆိုပေမဲ့ အဖြစ်ပျက်အကုန်လုံးကို သိပ်မမှတ်မိခြင်....
မလှမ်းမကမ်းမှ အုန်းသီးလုံးကိုမြင်မှ အဖြစ်အပျက်အကုန်မှတ်မိကာ အမျှဝေမိတာက ဟိုသေနာကြီးကိုပါ...။

ထို့နောက် ပတ်ပတ်လည် ကိုကြည့်လိုက်တော့ ဟိုရွင်ဖျင်တဲစုတ်ထဲ ရောက်နေတာဖြစ်ပြီး

မင်းသစ် ကိုယ်ပေါ်တွင်လည်း အုန်းလတ်တစ်လတ်က စောင်သဖွယ်ခြုံပေးထား၍ ကျေးဇူးပဲတင်ရမလိုလို ပါးပဲပြေးရိုက်ရမလိုလိုဖြစ်သွားသည်....။

အုန်းလတ်ကိုဖယ်လိုက်တဲ့အချိန် ခါးတွင်
အင်္ကျီစက ရှိမနေ....
အပေါ်တဝက်ပဲ ရှိသည်။

မင်းသစ် - ငါ့ခါးအောက်ပိုင်း ပိတ်စဘယ်ရောက်...
အဖွားက ကုလားကား ကြိုက်လို့
ချက်ပေါ်ဒီဇိုင်း လုပ်ချုပ်ပေးလိုက်တာလား...

ထို့နောက် ခေါင်းရင်းနားမှာ ပုံပန်းသဏ္ဍာန် သိပ်မလှတဲ့ မက်မွန်သီးပုံစံမျိုး အသီး4သီး ထားပေးထား၍ 2ခါမစဉ်းစားပဲ ကောက်စားလိုက်ကာ

ထပ်စားခြင်စိတ်ကို ထိန်းမရဘဲ အုန်းသီးစီပြေးဖို့ ထလိုက်ချိန်....

မင်းသစ် - သေ..သေပြီ ငါ့ဖင်...ကျွစ်..ကျွစ်..

တင်ပါးကိုကိုင်ကာ ဖြည်းညှင်းစွာ ပြန်ထိုင်ပီး...

မင်းသစ် - မအေ* ..အုန်းသီးကြွေအောင်တောင် ဘယ်လောက် ​စောင့်တယ်မသိဘူး...

[ဟိုနွားမလာခင် အမြန်အုန်းသီးနား သွားပြီး စားဖို့လုပ်ကြည့်ရမယ်...]

မင်းသစ် ဖင်အနာကို အံကြိတ်ကာ နောက်ဆုံး အုန်းသီးနား ရောက်၍ အုန်းသီးကို ထိရုံပဲရှိသေး အုန်းသီးက ခွဲပြီးသားကြီးပင်....

အထဲတွင် အုန်းရေရော ၊ အုန်းစံရော အကုန်ပြောင်... ။

မင်းသစ် - မဖြစ်နိုင်တာ....သွားနဲ့ ဆွဲခွာရင်တောင် အုန်းဆံတေ ပွနေရမှ အခုဟာက ဓားနဲ့ခွဲထားသလိုပဲ....

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Tahanan ng mga kuwento. Tumuklas ngayon