ကျွန်းပေါ်တွင် ( Pain and revenge )

3.5K 262 46
                                    


အခုတေလာ အမေဖြစ်သူအခန်းထဲ အသံတချို့ကြားရသည် ။ ပစ္စည်းပေါက်ခွဲသံလား.. ၊ ပရိဘောဂတွေကို ရိုက်ချိုးဖျက်စီးတဲ့အသံလား ၊ တစုံတယောက်ရဲ့ရှိုက်ငိုသံလား... အင်း.. ဒီအသံကေတာ့ မိခင်ဖြစ်သူအသံပါ.. ။

ဒါပေမဲ့ ဖြူဖွေးနုနယ်သောသူမသည် အသုံးအဆောင်များကို ရိုက်ချိုးပစ်နိုင်လောက်တဲ့ထိသန်မာမယ်လို့
ထင်ပါသလား... ။ မဟုတ်ပါ.. သူမသည် သားဖြစ်သူကိုတောင် အမြဲနုညံ့သိမ်မွေ့ရန် သွန်သင်ဆုံးမပေးသည့် မိခင်ကောင်းတယောက် ။

"တဖြည်းဖြည်း ဒီလိုအသံတွေကြားရသောရက်များ စိပ်လာချေပြီ.. "

** အဖေနဲ့အမေဘာဖြစ်လို့ပါလဲ... **

ဒီနေ့ကJorDanရဲ့ 9နှစ်ပြည့်မွေးနေ့.. ။ သို့သော် ဘယ်သူမှမွေးနေ့ပွဲကျင်းပပေးဖို့ အစီစဉ်မရှိ.. မရှိတာထက် သူ့မွေးနေ့ကိုဘယ်သူမှ
ဂရုမစိုက်ကြတာဆိုပိုမှန်မည်..။ အရင်တုန်းကတော့ အေမျဖစ်သူက မွေးနေ့ဆုတောင်းပေးလို့ တော်သေးပေမဲ့ ဒီနေ့သူ့ထံသို့ရောက်မလာခဲ့ပါ.. ။

ဒါ့ကြောင့် ကိုယ်တိုင်ပဲသွား၍ဆုတောင်းခံယူတော့မည် ။

တံခါးမခေါက်မီ 15ပေခွဲရှိသည့် ကနုတ်အပြည့်နဲ့ ကျွန်းတံခါးကြီးရှေ့မှာတင် မှင်သေသေနဲ့ ရပ်နေစဉ်ပင်အထဲက လာသောခံစားချက်သည် တော်တော်မကောင်းပါ ။

" ငါဝင်လို့ သင့်ပါ့မလား... "

သို့ရာတွင် လက်သီးတင်းတင်းစုပ်ကာ တံခါး(2)ချက် ခေါက်လိုက်သည်နှင့်... ။

[ ဝင်ခဲ့... ]

နာမကျန်းဖြစ်နေသည့် လူနာအသံလို သေးနုပ်သည်မို့ ခွင့်ပြုချက်ရသည်နှင့် တန်း၍ဝင်သွားရာ...။

" မိခင်ဖြစ်သူမှာ ညအိပ်ဂါဝန်လေးဖြင့် ကုတင်ပေါ်တွင် ထိုင်လျက်အနေအထားဖြစ်ပြီး.. မျက်ကွင်း 2ဖက်တွင်လဲအညိုမဲစွဲကာ သွေးစတွေတောင် မြင်နေရသည် ။ ထို့အတူ ဖြူဥသော ပါး2ဖက်မှာ ပုံမှန်ထက် ဖောင်းလို့နေသည်က ယောင်ကိုင်းနေခြင်းပင် ။ နုတ်ခမ်းတွင်လဲ နီရဲရဲနုတ်ခမ်းနီကို
ိဆိုးထားသော်လည်း အချို့နေရာတွေသည်
သွေးအရောင်ပေါက်နေသည်မှာ ဖုံးဖိမရ... ။ "

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now