မင်းသစ် - သူ့မေလင်တဲ့မှပဲ... $ပက်မိုးကြောင့် ရွှဲကုန်ပြီ..." မိုးရွာထဲ ထီးတချောင်းနဲ့ တိုင်ပတ်နေသော မင်းသစ်တယောက် ဆဲဆဲဆိုဆိုနဲ့ဦးတည်သွားရာက အလုပ်စီကို... "
{ တနှာရူးကောင်ကတော့ ကျွန်းပေါ်ပြန်ရောက်ပြီး နောက်နေ့ညနေကစပြီး ကမ္ဘာပတ်လက်မှတ်ထိုးပွဲ ကျင်းပနေလေရဲ့ ( စာချုပ်စာတန်း အရေးကြီး လက်မှတ်ထိုးစရာတွေပါ ) ဒီနေ့နဲ့ဆို 4ရက်တောင် ရှိတော့မယ်... Messageတောင် Mnနဲ့Gnပဲ ပို့တယ်.. }
" Ms.Sophie Steven နဲ့ မင်္ဂလာပွဲကိုတော့ အလုပ်ဘန်းပြပြီး နောက်2လကို ရွှေဆိုင်းစီစဉ်လေသည် "
သူအဲ့ဒီ့နေ့ အစည်းအဝေးမှာ အဲ့လိုပြောတော့ တနေကုန် ရင်ထဲနေလို့မကောင်းပါ.. ၊ ထင်မိတာက စေ့စပ်ပွဲ ဖျက်မယ်လို့တောင်ထင်တာ မင်္ဂလာပွဲကို ရက်ရွှေ့ယုံပဲ ဆိုတော့.. ၊ သူ့အတွက် ငါကဘာလဲ.. ။
** အကြောင်းရင်း သေချာမေးပြီး ရှင်းဖို့လုပ်ယုံ ရှိသေး 3,4ရက်လောက် ခရီးသွားရမယ်ဆိုတော့ အဲ့အကြောင်းမပြောဖြစ်တော့ချေ ၊ တော်ကြာ အလုပ်မှာ စိတ်မဖြောင့်မှာ စိုးသည်မို့ **
<< ဒါပေမဲ့လဲ မင်းသစ်ကိုအရင်လို အဆောင်မှာနေခွင့်မပြုဘဲ 2ထပ်တိုက်လုံးခြင်း ပေးထားသည်မို့ ၊ ဒါက အဖိုးအခပေလား... ။ >>
ဖက်.. ဖက်..
မီးပွင့်စောင့်ရင်း အတွေးလွန်နေသည့် မိမိကိုယ်ကိုယ် ပါးပြင်အား ခပ်ဖွဖွရိုက်ကာ စိတ်ရှင်းလိုက်သည် ။
မင်းသစ် - Boss ကအဲ့ဒီလိုလူမျိုးမဟုတ်ဘူး..
အနားမှာ သူမရှိလဲအလုပ်ကအလုပ်ပေမို့ Body Guardတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း မနက်6နာရီ လေ့ကျင့်ရန် ခြံထဲအရောက်ဆိုသော်လဲ နောက်မကျရင်ပဲ စားမဝင်အိပ်မပျော်နိုင်.. ။
ခြံကြီးထဲကို စအလုပ်ဆင်းတဲ့ နေ့ကလိုပဲ ဂတိုက်ကရိုက် သုတ်ခြေတင်ပြေးဝင်ပြီး...ဘေးဘီကြည့်ရာ. ။
တပြိုက်ပြိုက်ကျနေသည့် မိုးရွာထဲ အားကစားဝတ်စုံဖြင့် ထီးမပါဘဲ ရပ်နေသော sirသည် အဝေးကကြည့်ရင်တောင် ထင်း၍ မြင်သာသည်မှာ အရပ်ကြောင့်လား ၊ Styleကြောင့်လား... ။
YOU ARE READING
ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ]
ChickLitမင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့ကို လုပ်ရမှာလဲ... ------------------------------------ +အသားပေးဆိုပေမဲ့ ဇာတ်လမ်းနဲ့ဟာသလေးလည်း ပါတာမို့... ဝင်ဖတ်သူ100မှာ90လောက်ကြိုက်မယ်လို့...