[ သား... သားလေး.. ][ သားရေ... JorDan... အမေ့ကိုကြည့်ပါအုံး.. မအိပ်သွားပါနဲ့နော်... သားလေး... ]
[ သားတယောက်ထဲသာ အမေ့ကိုကယ်နိုင်မှာမိုလို့ပါသားရယ်... သားလေး..]
တုန်ရီနေသော အမေ့အသံကိုကြားနေရသည်မှာ သားတယောက်အတွက် တကယ့်ငရဲပင်...။
ထိုအဖြစ်ပျက်များသည် လွန်ခဲ့သောနှစ်များစွာကပင်
ကျန်ခဲ့ပြီဖြစ်သော်လည်း မနေ့တနေ့ကလို ခေါင်းထဲသံမှိုနဲ့ရိုက်ထားသလား အောင်းမေ့ရလောက်အောင် ထိုအသံတွေသည် ယခုလိုဖျားလို့ အိပ်ပျော်တိုင်း အိမ်မက်ထဲသို့
တိုးဝင်လာစမြဲ ... ။" ငါ... အဲ့ဒီအချိန်တုန်းက တောင့်ထားနိုင်ခဲ့ရင်.. ၊ ငါသာ ဒီထက်ပိုပြီးသန်မာခဲ့ရင် ... "
အမြဲပင်အဲ့စိတ်နဲ့အသက်ရှင်လာခဲ့ရာ လွန်ခဲ့သော 25နှစ်ကျော်ကကိစ္စ ... ။
မတရားအသတ်ခံရတာသိပါရက်နဲ့ ပါးစပ်ပိတ်နားပိတ်ပေးသော လူယုံများနှင့် အိမ်ဖော်များ ၊ အလောင်းမဟုတ်သည့် ပြာအိုးကိုသာ အခေါင်းသွင်းခဲ့ရသောပုံရိပ် ၊
အသုဘခန်းမကြီးတစ်ခုလုံး သေသူပြာအိုးအား
မျက်စိရှေ့တွင်ထားစေပြီး မိခင်အား မိန်းမပျက်လို့ ဝိုင်းဖွဲ့ကာ အတင်းဖျင်းပြောကြသောလူတစု ...အရာအားလုံးထက်ဆိုးသည်က -
မယားငယ်နဲ့သူ့သားက ဘာလို့်ဒီပွဲကိုလာတက်သလဲဟု စဉ်းစားနေခဲ့တာ ယခုထိပင်အဖြေမထွက်သေး.... ။
ပင်လယ်လှိုင်းသံ သဲ့သဲ့ကြားရသည် ။
ငှက်ကလေးတွေလဲ အိုးအိမ်ပြန်လူထူထောင်နေတာမို့ အသံလေးများကဆူညံစွာ ၊ မြေနံ့သင်းသင်းနဲ့ စိုထိုင်းထိုင်းမြေကြီးကိုလဲ ခံစားမိသည် ။သို့သော်
မျက်လုံးမဖွင့်နိုင်သေး ၊ မိခင်ရဲ့တုန်ရီနေသောအသံကိုသာ နားထဲ အခါခါကြားရ၍ အသက်ရှူပင်ကြပ်လာသည် ။
နောက်ဆုံး လူကဘယ်လိုမှ
ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပါပဲ မျက်လုံးများအားကြိုးစား၍ ဖွင့်ခိုင်းစေပြီးလျှင် ရုတ်တရက် မျက်လုံးထဲသို့ တိုးဝင်လာသော အလင်းစူးစူးကိုမြင်မှသာ သက်ပြင်းချနိုင်ကာ အိမ်မက်ငရဲမှ တဖန်ပြန်လည်လွတ်မြောက်လာချေပြီ... ။
YOU ARE READING
ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ]
ChickLitမင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့ကို လုပ်ရမှာလဲ... ------------------------------------ +အသားပေးဆိုပေမဲ့ ဇာတ်လမ်းနဲ့ဟာသလေးလည်း ပါတာမို့... ဝင်ဖတ်သူ100မှာ90လောက်ကြိုက်မယ်လို့...