ကျွန်းပေါ်တွင် ( 6ရက်မြောက် part 3🚨🚨 )

4.3K 333 41
                                    


ကျောက်တူးသမားတွေသည် အယောက်100မှာလျင် 1ယောက်သာ ကျောက်အောင်ကြသည်တဲ့... ။

< အင်းး... အဲ့လူတတော် ကံကောင်းတာဘဲ >

ဒါဖြင့် " Bengal Tiger " ( ကိုးတောင်ကျား )ကိုက်လို့ အသတ်ခံရတဲ့လူဦးရေက 1သန်းမှာ တယောက်မရှိပါဘူး...။

< ဒါကရော... ကံထူးတယ်လို့ ဆိုနိုင်မလား >

လူအများကြီးထဲကမှ Sepicalအနေနဲ့ အရွေးချယ်ခံရပေမဲ့ အဲ့ဒီ့အရွေးချယ်ခံရမှူက တူညီတဲ့သက်​ရောက်မှူ မဖြစ်စေပါဘူး...။

{ JorDan Wilsomဆိုတဲ့လူသည် သန်းပေါင်းများစွာသော လူထဲက သူ့ကိုကြိုက်သည်တဲ့.. }

" ဒီရွေးချယ်ခံလိုက်ရမှူက ကံဆိုးခြင်းလား ၊ ကံကောင်းခြင်းလား "

ဒါတွေဘာမှမတွေးခြင်ပါ ၊ ဒီအချိန်မှာတော့ ကမ္ဘာပေါ်အပျော်ဆုံး လူသားကို ညွှန်ပြပါဆို မင်းသစ်ပဲဖြစ်ပါလိပ်မည် ။

[ ယခုတွင်လဲ ညနေစာအတွက် မုန့်လုံးက ချက်ပြုတ်မီးမွှေးဖို့ နေခဲ့ရပြီး မင်းသစ်နဲ့သူကတော့ ပင်လယ်ပြင်ကြီးစီသို့ ထွက်လာခဲ့သည် ။

သိတဲ့အတိုင်း ဘယ်နေရာမှ အသုံးမဝင်တဲ့ မင်းသစ်ကတော့ သူ့လှူပ်ရှားမှူတိုင်းကို ငေးဖို့တာဝန်မှအပ ကျန်တာမရှိချေ... ။ ]

** သူကတော့ နေ့လည်က ကိစ္စကို
ဘယ်လိုနေလဲမသိ ဒီမှာတော့ ရှက်ပဲရှက်သလိုလို ၊ ကြောက်ပဲကြောက်သလိုလို ၊ ရင်တွေဆိုတာကလဲ ခုန်ချက်ပဲ ...

"တာဝေးမာရသွန်ပြေးပွဲ ဝင်ပြိုင်နေရသလိုပင်" **

မင်းသစ်တယောက် ကမ်းစပ်က ကျောက်တုန်းလေး ပေါ်တွင်ထိုင်လျက် ခပ်လှမ်းလှမ်းက ရေထဲသို့ငုပ်လိုက် ပေါ်လာလိုက် ဖြစ်နေသည့် ကျောပြင်ကြီးကိုကြည့်ကာ စိတ်တွေဂနာမငြိမ်... ။

(( ည..ညကြရင် ငါတို့...လုပ် လုပ်ကြမှာလား... ၊ ရှက်ဖို့ကောင်းချက်... ငါမျက်နှာဘယ်လိုပြရမလဲ ))

လုပ်တာ ဘယ်နခေါက်မှန်း မသိတော့ပေမဲ့ ၊ 2ယောက်သား ချစ်ကြိုက်လို့မှမဟုတ်ကြတာ... ။

ဒါပေမဲ့ ဒီညကမတူဘူးလေ တွေးရင်းပင် လက်ဖျားတွေအေးစက်လာသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Hikayelerin yaşadığı yer. Şimdi keşfedin