"" Boss...!!! ""
ဆူညံနေသောလက်ခုပ်သံတွေကြား ၊ ရယ်မောပြုံးရွှင်နေလျပ်ရှိသောလူတွေအကုန် ထိုခေါ်သံကဖုံးအုပ်သွားသည် ။
ပွဲရှိရှိသမျှလူတွေအကုန် အကြည့်များကအနောက်ကဝင်ပေါက်ရှိ အသံလာရာထံရောက်ကုန်သည် ။
JorDanမျက်လုံးထဲမှာတော့ ဒီဖြစ်ရပ်ကိုမယုံနိုင်သေး ။
Body Guardအဝတ်အစားအပြည့်အစုံမှာချွေးများရွှဲလို့ ဆံနွယ်အုပ်အုပ်သည်ဖရိုဖရဲဖြစ်၍ နီရဲဖောင်းမို့နေသည့်မျက်ဝန်းများဖြင့် နာနာကျည်းကျည်းကြည့်နေသော မျက်ဝန်းများ ။
အံ့သြခြင်းနှင့်အတူ JorDanရင်တွေဗလာင်ဆူလာသည် ။ ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ ။
ပွဲလာဧည့်သည်များကတော့ တဖက်နှင့်တဖက်အားကြည့်ကာ တိုးတီးစွာပြောကုန်ကြသည် ။
မင်းသစ် မြင်နေရသည့်မြင်ကွင်းကြောင့် သေမသွားရန် ပြုတ်ထွက်မတက်ခုန်ကာမောပန်းနေသည့်နှလုံးသားတည်နေရာ ရင်ဘက်သို့ခပ်တင်းတင်းဆွဲဆုပ်ရင်း အသက်မှန်မှန်ရှုသွင်းရှုထုတ်နေသည် ။
"" ဒီပွဲလာဖို့မင်းသစ် ဘောလုံးကွင်း3ကွင်းစာလောက် ပြေးလာခဲ့ရသည်ပင် ။ ရောက်သော်လည်းမြင်ကွင်းကြောင့် သေနိုင်သည် ။ ""
လှရက်လေခြင်း... လိုက်ဖက်လေခြင်း ။ သေလောက်အောင်ချစ်ရသူသည် ဒီလောက်တောင်ထည်ဝါသည်လား ။ ခန့်ညားသည်လား ။ ထို့အတူ ရင်ခွင်ထဲက သတို့သမီး... အရမ်းပင်လိုက်ဖက်လွန်းသည် ။
မင်းသစ်အနောက်ကပြေးလာသည့်ခြေသံကြားရသည် ။ Sirပဲနေလိပ်မည် ။ Sirလိုလူမျိုးကိုတောင်ကျော်၍ ပြေးလာနိုင်သည်က ငါဘယ်လောက်တောင်လောနေခဲ့ပါသလဲ ။
Aidenခန်းမဝန်းထဲခြေချလိုက်သည်နှင့် JorDanစီလဲမရောက်သလို တခြားသူတွေဘယ်လိုမျက်နှာအနေအထားဖြစ်နေလဲဂရုမစိုက်ပါ ။ သူအခုချိန်စိတ်အပူဆုံးက သူ့အရှေ့မလှမ်းမကမ်းမှာရပ်နေသည့် ကောင်လေးကိုပင် ။
ဘယ်လိုတောင် ကြီးလိုက်တဲ့အစွဲလမ်းပါလဲ ။ ဒီလိုသေးသေးမျှင်မျှင် ကောင်ကလေးတစ်ယောက်က မိနစ်ပိုင်းမှာ သူ့အထက်အရင်ကြောလာနိုင်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင် ဒါကိုရအောင်ရောက်လာခဲ့လေသည် ။
YOU ARE READING
ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ]
ChickLitမင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့ကို လုပ်ရမှာလဲ... ------------------------------------ +အသားပေးဆိုပေမဲ့ ဇာတ်လမ်းနဲ့ဟာသလေးလည်း ပါတာမို့... ဝင်ဖတ်သူ100မှာ90လောက်ကြိုက်မယ်လို့...