ကျွန်းပေါ်တွင် ( 🚨🚨🚨🚨 )

6.4K 419 53
                                    


မီးတွေမြင်လား..မြင်လား... 😁😁😁
ဘားမဟုဘူးမမြင်မှာစိုးလို့... ။ ပြောပြီးသားနော် နီတယ်လို့.. ပြီးမှဘာဘာညာညာတွေ မကြားခြင်ဘူး😒 ။ စဖတ်လို့ရပါပြီ ။

<< အသုံးနုန်းတွေရိုင်းသွားရင် ခွင့်လွှတ်ပါ.. >>

------------------------------------------------------------

အခုအခါအချိန်အားဖြင့် ဘယ်လောက်တောင် ရောက်နေပြီလဲမသိပါ ။ ဖြတ်သန်းသွားသမျှလမ်းတိုင်း ကားမရှိသလောက်ရှားသည် ။ ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးလဲတိတ်ဆိတ်ကာ လမ်းတလျှောက်ရှိ မြင်မြင်သမျှလုံးခြင်းအိမ်တိုင်း ခြံဝန်း၌သာ မီးဖွင့်ထားသည် ။

"" ထိုအရာတွေထက် ပို၍တိတ်ဆိတ်လွန်းသည်က ဘေးကလူပင်... ""

[ မိုးသားတို့စီမှ မောင်းထွက်ခဲ့ချိန်ကစပြီး ယခုထိ သူလဲဘာမှမ​ပြောသလို ကိုယ်လဲတခွန်းမဟ.. ]

အမှန်ဆို သူ့ထံကတစ်ခုခုတော့ပြောသင့်နေပြီမလား ။ အရင်အတိုင်းဆို ပြဿနာတစ်ခုခုဖြစ်တိုင်း ရှင်းပြခွင့်မရှိ လိုရာဆွဲတွေးပြီးစွတ်စွဲပြောဆိုသည်မို့ မင်းသစ်နဲ့စကားများရန်ဖြစ်နေလောက်ပြီ ။

<< ဒါပေမဲ့ ဘာကြောင့်ရယ်မသိ ဒီအခြေနေကို ပိုမနှစ်မြိုပါ ။ တိတ်ဆိတ်လွန်းသည်မို့ အခုနေသူဘာတွေးနေလဲ မင်းသစ်ဘယ်လိုမှ
ခန့်မှန်းလို့မရ.. >>

ဒါကြောင့်ပင် မရဲတရဲဖြင့် သူ့ဘက်တချက် မျက်လုံးလေးရွှေ့ကြည့်သော် ။

"" စီယာတိုင်ကို လက်တဖက်တည်းဖြင့် ထိန်းကာ မောင်းနှင်ပြီး ကျန်တဖက်က Beake Handle​ပေါ်တင်ထားသည့်ပုံမှာ အပေါ်ယံကြည့်ရင်တော့ အရာအားလုံး အေးဆေးစွာပင်.. ""

{ အရက်ဘယ်နှပုလင်းပင် သောက်ထားလဲမသိ ကားမှန်အနဲငယ်ဟပြီး ပြင်ပလေဝင်စေတာတောင် ခေါင်းမူးရလောက်တဲ့ထိ အနံ့ကပြင်းသည် ။ သို့ရာတွင် ပုံစံတချက်ပြက်မသွား.. သွေးစို့နေသည့် နုတ်ခမ်းပါးကတင်းတင်းစေ့ကာ အနဲငယ်တွန့်ချိုးနေသည့် မျက်ခုံးတစုံတွင် တဖက်ကကွဲအက်နေပေမဲ့ ​သွေးထွက်ခြင်း
မရှိ​တော့သည်​ကြောင့် အနာကျက်မြန်သား ။ တဆက်ထဲပင် Hazelတွေမှာ ပုံမှန်ထက်ရီဝေနေသည်ကို အထူးပြောစရာပင်မလို ။ ဘယ်အချိန်ဘယ်လိုကြည့်ကြည့် ခန့်ညှားသော ရုပ်အသွင်မှာ ပြောက်ကွယ်မသွားသည်က ထိုလူရဲ့အားသာချက်ပင်ဖြစ်သည် ။ }

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Donde viven las historias. Descúbrelo ahora