သို့ပေမဲ့ ရဲရဲတင်းတင်းပင် Djသံတကွက်မှာ သံစဉ်နဲ့လိုက်အောင် ဆက်ကနဲ ခန္ဓာကိုယ်အား လှုပ်ခါလိုက်တာကြောင့် JorDanရင်တွေပူဆင်းသွားရသည် ။" တံခါးအကုန်ပိတ်ထားခြင်းက ဒီလိုDjသံများ အပြင်သို့မလွင့်စေရန်ဖြစ်ကြောင်း JorDanချိတ်ဆက်မိသွားသည် ။ ဘယ်အချိန်ထဲကများ ကြိတ်ကြံနေခဲ့တာလဲ.. "
<< ထိုကလေးက JorDanနဲ့ခြေ4လှမ်းလောက်အကွာတွင် sexyဆန်ဆန်ကြိုးစားကပြပေမဲ့.. JorDanစိတ်ထဲ ချစ်ဖို့ကောင်းသည်ကလွဲ၍ sexyဆန်တယ်လို့မတွေးမိပါ.. ။ ဒါကလဲ JorDanကိုယ်တိုင်က E11EVEN, Kingdom Nightclub, Play Dance Bar, Beta Nightclub စသည့်ပွဲများကိုအရည်ထူအောင် ကဲခဲ့သည်မို့ ဒါမျိုးမတိုးတော့တာလဲဖြစ်နိုင်ပါသည် ။ >>
သို့ပေမဲ့ မျက်နှာလေးရဲကာ Hazelတွေကိုတက်နိုင်သမျှအကြည့်ခြင်းမဆုံစေရန် ရှောင်လွှဲ၍ ကပြနေသည်မှာ သိပ်ရှက်နေလို့ဖြစ်မည် ။ ထို့အပြင် ဒီကလေးသည် ဒီလိုကပြတက်သူမဟုတ်.. အခုလဲ မကပြတက်ပေမဲ့ သေချာသင်ယူထားမှန်းသိသာသည်... သင်ယူထားသည်သာမှန်ရင် သင်ပေးမည့်သူလဲ ရှိရမည်လေ... ထိုသို့တွေးပါက ကလေးမှာ အပေါင်းသင်းဘယ်သူရှိလို့လဲ... ဟိုချာတိတ်ပဲနေမည် ။
[[ တကယ်တန်းတော့ မင်းသစ်ကြောက်လဲကြောက် ရှက်လဲရှက်နဲ့ လုပ်မိလုပ်ရာလုပ်နေခြင်းပင်.. ကကွက်တွေလဲ မမှတ်မိတော့ပါ ။ အစကတော့ ဟုတ်တိပတ်တိ လေ့ကျင့်ထားပေမဲ့ လူကိုရှေ့ထားပြီး သေချာစိုက်ကြည့်နေသူကြောင့် မင်းသစ်ရင်ခုန်သံတွေမမှန်ခြင်တော့... ။]]
" တချက်တချက် Hazelတွေနဲ့အကြည့်ခြင်းဆုံလေ..အသက်ရှုသံတွေမှားလေ.. တချက်တချက်
ခပ်ပြုံးပြုံးနုတ်ခမ်းပါးနှင့် သွားစွယ်များကိုကြည့်မိလေ.. ကကွက်တွေလွဲလေ... "နောက်ပိုင်းမင်းသစ်လဲ မျက်နှာကြီးပူထူ၍ ကသာကနေရတယ်.. ဘယ်တီးလုံးနဲ့ဘယ်ကကွက်မှန်း တွဲမသိတော့ပါ.. ။
*** ဒါ့ကြောင့်မထူးဇာတ်ခင်းကာ စိတ်ကူးပေါက်ရာလျောက်ကတော့ တချက်တချက်
အငြိမ့်ပွဲက ဇာတ်သမလိုလို ၊
ကလားမီးနင်းပွဲပဲ ကျင်းပနေသလိုလို ၊
ခြေကလိမ်မကိုဘဲ ဆရာတင်ထားသလိုလို ၊
မိုက်ကယ်ဂျက်ဆင် သေရွာကဘဲနိုးထလာသလိုလို... ***
YOU ARE READING
ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ]
ChickLitမင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့ကို လုပ်ရမှာလဲ... ------------------------------------ +အသားပေးဆိုပေမဲ့ ဇာတ်လမ်းနဲ့ဟာသလေးလည်း ပါတာမို့... ဝင်ဖတ်သူ100မှာ90လောက်ကြိုက်မယ်လို့...