ကျွန်းပေါ်တွင် ( 5ရက်မြောက်နေ့ 🚨🚨🚨 )

4.9K 400 59
                                    


ဒီအပိုင်းက +++ပါ..။မီးလဲပြထားပါတယ်..၊ ဟာသလဲသိပ်မပါပါဘူး..။
အသက်မပြည့်ရင် ကျော်သွားပါနော်...။

------------------------------------------------------------

အိပ်ကောင်းတုန်းရှိသေး ဘယ်ကငှက်လင်မယားတွေ သတ်နေကြလဲမသိ တကျိကျိနဲ့ ထဆဲခြင်သော်လည်း မျက်လုံးကတန်းမဖွင့်နိုင်... ။

အိပ်ခြင်မူးတူးကိုမှ မနေ့ကတော်တော်ကြာတဲ့အထိ ထိုသစ်ပင်ခြေရင်းမှာပဲ သူလှည့်ခေါ်လေမလား တွေးရင်း " တအီးအီး တဗြဲဗြဲ " ဖြင့်ထိုင်ငိုနေသော်လည်း...

" တနှာရူးက အစအနပင်ပေါ်မလာပါ "

$ကျင့်တစက်မျှမကောင်းသောကောင်ကို ချစ်နေမိတော့လဲ လုပ်သမျှခံယုံအပြင် ဘာမှမတက်နိုင်... ။

မင်းသစ် မျက်လုံးကိုအတင်းဖွင့်သော်လည်း တော်တော်နဲ့ပွင့်မလာ ဖောင်းအစနေသောမျက်လုံး၌ မျက်ရည်များက မျက်ခွံ2ခုကြား
ကော်နဲ့ကပ်ထားသလိုပင်... ။

နောက်ဆုံးတွင်တဖြည်းဖြည်း ဖွင့်ကြည့်တော့ အပေါ်တွင်သစ်ပင်ဘာညာ မဟုတ်ပါဘဲ မိုးကာစလို မြင်လိုက်ရတော့ နဲနဲကြောင်သွားပြီးမှ မနေ့ကကိစ္စအကုန် ခေါင်းထဲပြန်ပေါ်လာသည် ။

မနေညက မင်းသစ် သူ့ကျောပြင်အားမြင်ကွင်းထဲက ပြောက်သွားတဲ့အချိန်မှာတော့ အရူးတယောက်လို ​အော်ဟစ်ငိုယိုမိနေတော့ ..။

** ဘယ်ထဲကပင် ရောက်နေမှန်းမသိတဲ့ မုန့်လုံးက တနှာရူးလဲထွက်သွားရော မင်းသစ်ဘေးကို တရွေ့ရွေ့နဲ့ကပ်လာပြီး သူ့မှာမင်းသစ်ကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိ...

တနှာရူးထွက်သွားတဲ့ဘက်ကိုကြည့်လိုက် မင်းသစ်ကိုကြည့်လိုက်နဲ့ နောက်ဆုံးကျ မင်းသစ်ထိုင်ငိုနေတဲ့ဘေးနားလာထိုင်တော့... **

<< အရမ်းတွေရင်ဖွင့်ခြင်တဲ့ မင်းသစ်က ဂွင်တွေ့ကာ မြန်မာလိုတွေကြည့်ထိုင်မှူတ်ပါလေရော သူလဲခေါင်းကုပ်လိုက် ၊ ခေါင်းညိမ့်လိုက်နဲ့ပင်...

မတက်နိုင်ဘူး အရေးကြီးတာစိတ်ထဲပေါ့သွားဖို့ >>

တော်တော်ကြာတော့မှ မင်းသစ်လဲပင်ပန်းသွားကာ ဘေးသို့လှည့်ကြည့်လိုက်တော့ ဘယ်အချိန်ထဲကပင် ပြင်ဆင်လိုက်လဲပင်မသိလိုက် Camping ထွက်ရင်သုံးတဲ့ Tent ( တဲ )ကို 2ခုပြင်ပြီးလျှင် ..

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Tempat cerita menjadi hidup. Temukan sekarang