"ကလေးငယ်က လူကြောက်တတ်နေတယ်
ဒါကြောင့် ဒေါ်ဒေါ်တို့ သူ့ကို စိတ်ရှည်ပေးပါနော်။ သူရှေ့ဆိုရင်
ဒေါ်ဒေါ်တို့ ကြီးကြီးတို့ကမဖြစ်တတ်ပေမယ့် သတိထားရအောင်ပါ အော်တာတို့ ဘာတို့တွေ မဖြစ်ပါစေနဲ့နော် "ထက်ရှားဧကရာဇ်တစ်ယောက် မနက်စောစောနိုးတည်းက ကလေးငယ်ကိုအနမ်းပေးကာ စောင်လေးခြုံပေးပြီး အောက်ဆင်းလာရင်း မနက်စာကိုကိုယ်တိုင်ပြင်ကာ
ဘေးက ကြီးကြီးတို့ကိုလည်း ကလေးငယ်အကြောင်း ပြောပြဖြစ်နေခြင်းပင်။"ဟုတ်ကဲ့ပါ သားထက်ရှား"
ထက်ရှားဧကရာဇ်သည်လည်း ခေါင်းငြိမ့်ပြကာ ကျိုထားလို့ ပူနွေးလာပြီဖြစ်တယ့် နွားနို့ကို ခွက်ထဲထည့်နေရင်း
အပေါ်ထပ်ကနေ ရုတ်တရက်ကြားလိုက်ရတယ့်အသံ"ဝုန်း ခလွမ်း"
"ဘာသံလဲမသိဘူး"
"ကလေးငယ် ! ကလေးငယ် ဘာဖြစ်တာလဲ"
ထက်ရှားဧကရာဇ် ခွက်ကလေးကို စားပွဲပေါ်ထားကာ အပေါ်ထပ်သို့ မြန်မြန်ပြေးတက်လာမိသည်။
အပေါ်ထက်အခန်းတံခါးကို ဖွင့်သည်နှင့်
မြင်လိုက်ရသည်က ကုတင်ဘေးကစားပွဲခုံကလဲနေပြီး အပေါ်က အလှထားတယ့် ပန်းအိုးပါကွဲနေသည်။ကလေးငယ်ကို မတွေ့၍ ရှာတော့
ဗီရိုထားတယ့် ထောင့်နားမှာ ကိုယ်လေးကိုကျုံကာ ထိုင်နေတယ့် ကလေးငယ်ထက်ရှားဧကရာဇ် ကလေးငယ်ရှေ့ကိုသွားကာ ခေါင်းလေးကို ကိုင်မယ်လုပ်တော့ သူ့ကိုရိုက်မည်ထင်ကာ
မျက်စိအတင်းမှိတ်ထားတယ့် ကလေးငယ်ကြောင့်
လက်ကလေးကိုသာ ဖွဖွလေးဆွဲရင်း
ပွေ့ချီလိုက်သည်။"ကြီးကြီးမေ ဒါလေးတွေတစ်ချက်လောက်ရှင်းပေးပါနော် ကျွန်တော်အောက်ဆင်းတော့မယ်"
"ဟုတ်ကဲ့ပါ သားထက်ရှား"
လှေကားကနေ ဆင်းလာတယ့်တလျောက် ကိုယ်ပေါ်ကနေ ငြိမ်နေတယ့် ကလေးငယ်က အသံတောင်ရှူနေရယ့်လား ကိုယ်ကိုအစွန်းဆုံထိ ကျောက်ရုပ်လေးလိုလုပ်နေလိုက်တာ။
ကလေးငယ်ကို ပေါင်ပေါ်သို့တင်ကာ ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်ဖြစ်သွားတယ့်
ကလေးငယ်က ကိုယ့်ကိုမော့မကြည့်
ခေါင်းလေးငုံ့ကာ မြင်နေရတယ့် နှုတ်ခမ်းဆူတူတူနီရဲရဲလေးက အနည်းငယ်မဲ့နေလျက်
YOU ARE READING
Simple (S3){complete}
Romanceလမ်းဘေးမှာ ဒုက္ခရောက်နေတယ့်ကလေးငယ်ကို မွေးစားခဲ့တယ့် ထက်ရှားဧကရာဇ် သူမွေးစားခဲ့တယ့်ကလေးကရော ရိုးရှင်းရယ့်လား တစ်ကိုယ်တည်းနေရာကနေ ခနလေးအတွင်း သံယောဇဉ်တွယ်မိတယ့် ကလေးငယ်ကို အိမ်ခေါ်လာရာမှ ပြောင်းလဲလာမယ့် အကြောင်းအရာတွေ....... (Dailyup ) လမ်းဘေးမှာ ဒု...