Ep36

2.2K 155 6
                                    

"သဘောကျလားမောင် "

လှပစွာနဲ့ မောင်ရယ့် လည်ပင်းထက်ကိုရောက်လာတယ့်
ထောင့်ချိုးတွေ မတူညီတယ့်
ကျောက်အနီရဲရဲလေး

ငွေရောင် ကြိုးလေးကလည်း ကျစ်လစ်စွာ သေးသေးလေးနဲ့
မောင့်ရယ့် လည်ပင်းထက်မှာ
လှပစွာနေရာယူနေသည်။

မောင်ကတော့ ကျောက်ကလေးကို
တယုတယကိုင်ကြည့်ရင်း
ထက်ရှားရယ့် ခါးလေးကို လာဖက်ကာ
ပါးလေးအား နမ်းရှိုက်နေသည်။

"သဘောကျတယ် ကိုကိုကြီး
ဒါနဲ့ မောင်တို့ နှစ်ပတ်လည်လည်းမဟုတ်
မွေးနေ့လည်းမဟုတ်ပါဘူး
ဘာလို့ပေးတာလဲ "

မောင့် အပြုံးကြောင့်
ထက်ရှား ခပ်ဟဟလေးရယ်မိသည်။
ဒီကောင်လေးကတော့လေ
လက်ဆောင်ပေးတာကို ဘာနေ့မလို့လဲဆိုတာ
အသည်းအသန် စဥ်းစားနေသည်။

"ဘာနေ့မှ မဟုတ်ဘူးမောင်
ဒါလေးက ကိုယ်နဲ့ဆင်တူဝတ်ဖို့ပေးတာ
ကိုယ့်ဆီမှာက ပါပါးပေးတယ့်
ဆွဲကြိုးအပြာရောင်လေးရှိတယ်လေ
မောင်ဖို့က အပြာ​ေရာင်လေးရှာမရလို့
ပုံစံတူ အနီလေးပေးတာ
သဘောကျလား
ကိုယ်ကိုတိုင် မောင်ဖို့ ကြိုးလေးကိုပါ
သေချာလုပ်ထားနော်"

လည်ပင်းက ကြိုးလေးကိုပါ
ထုတ်ပြကာ ပြံးရယ်ရင်း ပြောနေတယ့်
ကိုကိုကြီးကြောငိ့ မောင်သည်လည်း
စကားတတ်ကာ ချစ်ဖို့ကောင်းလွန်းသည့်
နှုတ်ခမ်းလေးအား ပြွတ်စ်ခနဲ နမ်းလိုက်သည်။

"မောင် အချစ်ပေးအပ်တယ့်
ဘယ်လိုအရာမဆို သဘောကျတယ် "

"မောင်ကတော့လေ "

သျှားရောင်စဥ် စကားပြောနေရင်းနဲ့မှ
စိတ်အနှောင့်အယှက်ဖြစ်နေတယ့် အရာအား
ကိုကိုကြီးကို ပွင့်ပွင့်လင်းလင်းပြောမိသည်။

"ကိုကိုကြီး စောနက ကောင်မလေးကို
၃လစာပေးပြီး ထုတ်လိုက်ပါတော့လား"

မောင် စကားကြောင့်
ထက်ရှား မောင့်လည်ပင်းက
ကြိုးလေးကို ကြည့်နေရာမှ
မျက်လုံးဝိုင်းလေးများနဲ့ မောင်ကို
မသိစွာ ပြန်ကြည့်မိသည်။

"ဘာလို့လဲ မောင်ရယ်"

"မောင် မကြိုက်ဘူးကိုကိုကြဇး
ကိုကိုကြီးရှိတယ့်နေရာတိုင်း သူရှိနေတာ
ကိုကိုကြီးနား သူကပ်နေတာ
မောင်လုံးဝမကြိုက်ဘူး "

Simple (S3){complete}Where stories live. Discover now