Ep37

2.1K 145 3
                                    

ငှက်ကလေးတွေရယ့် အသံနဲ့
သာယာနေတယ့် မနက်ခင်းစောစော
စံအိမ်တစ်ခုရှေ့တွင်လည်း
ငှက်ကလေးတွေ တစ်တီတူးနေသကဲ့သို့
အရမ်းချစ်ပြနေသူနှစ်ဦးလည်း ရှိသည်။

သေချာတာကတော့ ထိုနှစ်ဦးတွင်
တစ်ယောက်က အချွဲပိုနေမှာပင်။

"မောင် မဆိုးနဲ့ကွာ
သွားစရာရှိတာ သွားတော့ ကလေးလေးရယ့် "

"ဟင့် မောင်က ကိုကိုကြီးနားကပ်ခြင်သေးတာကို"

မျက်ရည်လေးဝဲလို့ ထက်ရှားကို
ဖက်ထားရင်း ရင်ရသလို ငိုက်နေတယ့်မောင်ဟာ
အိပ်ရေးမဝသေးတယ့် ကြောင်ပေါက်လေးတွေလို သူခိုးမျက်စိလေးနဲ့
ဒီနေ့ companyက အရေးကြီးကိစ္စရှိတယ်ဆို
ဖုန်းဆက်တာကြောင့်
အိပ်ရာထဲမှာ ထက်ရှားရဲ့ အနမ်းတွေနဲ့
ပျော်နေတယ့် မောင်ဟာ
အရှိန်ပျက်ကာ ဆူပုတ်နေရင်း
ဂျီကျနေလေပြီ။

"ကဲ မောင် ဒါနဲ့ဘဲ အချိန်က ကြာနေပြီ
မင်း မသွားရင်
ကိုယ်ဘဲ သွားတော့မယ် "

ထက်ရှား စိတ်မရှည်တော့ပါ
မောင်ကတော့လေ

"မောင်ဘဲ သွားပါ့မယ် အဲ့လို မအော်ပါနဲ့
ကိုကိုကြီးကလဲ "

လှုပ်စိလှုပ်စိနဲ့ ကားပေါ်တက်သွားတယ့်
မောင်ဟာ
ကားမထွက်ခင်
မှန်လေးကို ချပြီး ပါးလေးကို ဖောင်းပြသေးသည်။

"ဒါကရော ဘာလဲမောင် "

ဖောင်းနေတယ့် ပါးလေးကို
လက်ညိုးလေးထိုးပြတယ့်မောင်ကြောင့်
ထက်ရှား ကားမှန်နားကပ်သွားလိုက်သည်။

"နမ်းလေ အချစ်ရဲ့
အချစ်က အားဆေးပေးမှ
မောင်က အလုပ်လုပ်တွေ လုပ်နိုင်မှာ"

ထက်ရှား ချွဲစိန်လေးကြောင့်
ဟက်ခနဲရယ်ကာ
မျက်နှာလေးကို ကိုင်ရင်း
အနမ်းတွေကို ပါးပေါ်တင်မက
တစ်မျက်နှာလုံးကို ပေးပြစ်လိုက်သည်။

"ကဲ မောင် ကိုယ် အားဆေးတွေ ပေးပြီးပြီး
သွားတော့ "

"မောင် စောစောပြန်ခဲ့မယ်နော်
ဟိုကောင်မလေးတွေကို အနသိပ်မကပ်ခိုင်းနဲ့"

"အွန်းပါ ကိုယ် ညစာစားဖို့ စောင့်နေမယ်"

"မွှစ် ချစ်တယ်"

Simple (S3){complete}Where stories live. Discover now