သျှားရောင်စဥ် သူ့ကြောင့် ဒဏ်ရာရသွားတယ့် ကိုကိုကြီးရယ့် ဒဏ်ရာတွေကိုကြည့်ရင်း
ဝမ်းနည်းလာသည်။ဆေးထည့်ပေးတယ့် အချိန် ကိုကိုကြီး မျက်နှာလေးတစ်ချက်မဲ့သွားတိုင်း
သူဝမ်းနည်းစိတ်ကပိုတိုးလာသည်။
ထက်ရှားမှာ ကုတင်ပေါ်မှာထိုင်နေရင်းနဲ့ပင် အောက်တွင် ဒူးထောက်ကာ
ခြေထောက်ကို ကလေးငယ်ရယ့်
ပေါင်ပေါ်တင်စေပြီး ဆေးထည့်ပေးနေတာကို
ငြိမ်နေရာကနေ အင့်ခနဲဆိုတယ့်
အသံလေးနဲ့ ပုခုံးလေးက တစ်ချက် လှုပ်သွားကာ
ခြေဖမိုးပေါ်သို့ ကျတယ့်
စိုစွတ်မှု အရည်ကြည်တို့ကြောင့်
ခါးပင် ပြန်မတ်မိကာ
ငယ်လေးရယ့် မျက်နှာ ချောချောအား
လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်သည်။မော့ကြည့်လာတယ့် အရည်ကြည်တွေဝေ့ကာ
နှုတ်ခမ်းသား ရဲရဲတို့ မဲ့ကျနေတယ့် ငယ်လေးက တကယ်ကို ဝမ်းနည်းပတ်လက်"ငယ်လေး မငိုနဲ့လေကွာ ကိုကိုကြီး ဘာမှမဖြစ်ပါဘူး"
"အင့် ငယ်ကြောင့်ပါ ငယ်ကြောင့် ကိုကိုကြီး ဒီလိုဖြစ်တာ"
ပိုတိုးလို့ မျက်ရည်တွေကျလာတယ့် ငယ်ကြောင့် ထက်ရှားကုတင်ပေါ်ကနေ ကလေးငယ်ရှိရာကို လာမယ်ဆိုတော့ ပြန်ဆွဲထားတယ့် ငယ်ကြောင့် အောက်ကို ဆင်းလာလို့မရ
ထက်ရှားရယ့် စောနက အနည်းငယ်ရဲနေတယ့် ခြေဖဝါးလေးကိုသာ ငယ်လေးက
သူ့ပါးပြင်လေးနဲ့ကပ်ထားကာ ပွတ်သပ်နေသည်။"ကြောင်ပေါက်လေးလား ငယ်က"
"အွန်းငယ်က ကြောင်ပေါက်လေး "
ပြောမရစွာ ဆက်တိုးဝှေ့နေတယ့် ငယ်ကို
ထက်ရှား လွှတ်ထားလိုက်ရင်း
မွေ့ယာပေါ်ကို လက်ပြန်ထောက်ထားကာ
သက်တောင့်သက်သာ နေနေလိုက်သည်။
အဆိုးလေးကတော့ ပြောမရစွာ
သူရယ့်ပါးပြင်တို့နဲ့ ထိကပ်ထားဆဲ"ပြောပါဦးငယ် ဘာလို့စောနက အဲ့လောက်ဒေါသကြီးရတာလဲ"
"ကိုကိုကြီး တွေ့ရယ့်သားနဲ့ ငယ်ဒေါသထွက်တာမလွန်ဘူး"
"ဒါပေမယ့် ငယ်သူ့ကို ထိခိုက်အောင်လုပ်တယ်လေ"
ထက်ရှားရယ့် စကားအဆုံး
ငယ်ရယ့်လက်ထဲရောက်နေတယ့် ထက်ရှားရယ့် ခြေဖမိုးလေးဟာ တင်းကျပ်စွာ
စုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။
YOU ARE READING
Simple (S3){complete}
Romanceလမ်းဘေးမှာ ဒုက္ခရောက်နေတယ့်ကလေးငယ်ကို မွေးစားခဲ့တယ့် ထက်ရှားဧကရာဇ် သူမွေးစားခဲ့တယ့်ကလေးကရော ရိုးရှင်းရယ့်လား တစ်ကိုယ်တည်းနေရာကနေ ခနလေးအတွင်း သံယောဇဉ်တွယ်မိတယ့် ကလေးငယ်ကို အိမ်ခေါ်လာရာမှ ပြောင်းလဲလာမယ့် အကြောင်းအရာတွေ....... (Dailyup ) လမ်းဘေးမှာ ဒု...