Ep43

2.5K 166 8
                                    

တိတ်ဆိတ်ငြိမ်သက်နေတယ့် ညချမ်း
အိမ်တော်ရှိ လူတွေအားလုံးဟာ
အိပ်စက်နေကြသော်လည်း
လှုပ်ရှားနေသူမှာ ထက်ရှားဧကရာဇ်ပင်။

မျက်လုံးတို့ကြောင်နေကာ အိပ်လို့လည်းမရ
ဘာစားခြင်မှန်းလည်းမသိဖြစ်နေတယ့် 
၆လေကျော်ကျော် ဗိုက်လေးနဲ့
ဗိုက်ပူလေးသည် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နဲ့
မောင့်ကို ကြည့်တော့
မောင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြ္
သားသားကိုကြည့်တော့လည်း
သားကလည်း ဝရံတာနဲ့ သူတို့အခန်းကြားက
စားပွဲခုံထားရာအခန်းငယ်လေးမှာ
ခေါက်ကုတင်လေးနဲ့ အိပ်နေတာများ
သိုးလို့ 

တကယ်တော့ သားက သပ်သပ်အိပ်တာပါ
ဒါပေမယ့် မောင့်မွေးနေ့ဖွင့်ပြောပြီးတည်းနေ့ကစပြီး
ချော်လဲတာတို့ဘာတို့ဖြစ်မှာစိုးလို့
အဲ့အခန်းလေးထဲ လာအိပ်လေသည်။

ထက်ရှား ပူနေတယ့် ဗိုက်ကလေးကို
အသာလေးထိတွေ့လိုက်သည်။
ကလေးလေးရေ မင်းကတော့ အချစ်ခံလေးဘဲ
နှုတ်ကနေ တိုးတိုးလေရေရွတ်ပြီးကာမှ
အိပ်မရတာကြောင့် နှုတ်ခမ်းလေးဆူခြင်လာသည်။

ဘေးနားက မောင်ရယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတယ့်ပုံကို ကြည့်လေ
နှုတ်ခမ်းက ဆူကာ
အလိုမကျလေပေ။

ဘယ်လိုမှ မနေနိုင်တယ့်အဆုံး
ဗိုက်ကလေးကို ထိန်းကာထရင်း
ကုတင်ခေါင်းရင်းကို မှီကာ
မောင့်ပါးကို ဆွဲလိုက်သည်။

မျက်မှောင်လေးကြုတ်သွားတာကြောင့်
ကြိတ်ပြီးလည်းရယ်မိသည်။
ခစ်ခစ် မောင်က ချစ်စရာလေး
ထို့နောက် နှာခေါင်းလေးကိုပါ လက်ကလေးနဲ့ဆွဲပြီး
ပါးလေးကို ညှစ်တော့ ထော်လာတယ့်
နှုတ်ခမ်းလေး
စနေရင်းနဲ့ပင်
အိုက်တာကြောင့် ချွေးတွေပြန်လာကာ
မောင့်ကို နိုးလိုက်မိတော့သည်။

သျှားရောင်စဥ် အိပ်နေရင်းနဲ့ပင်
ပါးကို လာလာပြီးထိတယ့်
လက်ကလေးကြောင့်  ပြန်ဆွဲပြီးအိပ်နေမိရာမှ
ငိုသံလေးရောလျက် မောင်ဆိုတယ့်အသံကြောင့်
ချက်ချင်းငုတ်တုပ်ထထိုင်မိကာ
ဘေးနားက မီးအိမ်ကိုလည်း ဖွင့်ပြီးသား

Simple (S3){complete}Tempat cerita menjadi hidup. Temukan sekarang