Ep20

3.5K 193 6
                                    

"ကိုကိုကြီး ငယ်လေးကို သေချာကိုင်ထားနော် "

ယိုင်တိုင်တိုင်နဲ့ စက်ဘီးလေးအား နင်းနေတယ့် ကောင်လေးမှ
သူ့နောက်ကနေ ထိုင်ကာ လိုက်လာတယ့်
အမျိုးသားကို ပြောလိုက်ခြင်းပင်။

ထက်ရှားမှာတော့ တမင်
နိုင်ရဲ့သားနဲ့ စက်ဘီးလက်ကိုင်ကို လှုပ်ကာ စီးနေတယ့် ကလေးငယ်ကြောင့်
ကျောကိုသာ ခပ်ဖွဖွ ရိုက်လိုက်သည်။

"ကလေးငယ် ကောင်းကောင်းနင်းကွာ
မဆော့နဲ့ "

"ဟီး ဒါဆို ငယ့်ကို ဖက်ထားလေ"

ထက်ရှား ပြောမရတယ့် ကလေးငယ်ကြောင့်
ခေါင်းလေးရမ်းကာ
ငယ်လေးရယ့် ခါးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်သည်။
အဲ့တော့မှ လမ်းကြောင်းငြိမ်သွားတယ့်
စက်ဘီးလေးဟာ မေဘယ်ရွက်တွေ ပုံကျနေတယ့် လမ်းကလေးပေါ်မှ
ဖြတ်သွားလျက်

ထက်ရှား နောက်ကနေထိုင်လိုက်ရင်းနဲ့ပင်
မျက်နှာကို လေတိုးနေတာကြောင့် အလိုမကျစွာ
ကလေးငယ်ရယ့် ကျောလေးနဲ့ ပါးကိုကပ်ကာ
မျက်နှာလေးကို ဖွက်ထားလိုက်သည်။

"ငယ် ဘယ်သွားမလို့လဲ "

"ငယ့် ရုံးခန်းကိုလေ ကိုကိုကြီး
ငယ် ဒီဇိုင်းတွေကို လက်ခံတယ့်နေရာလေး
ဖွင့်ထားတယ် နောက်ပြီး လိုင်းပေါ်မှာ ပစ္စည်းတွေလည်း ရောင်းတယ် "

ကလေးငယ်ရယ့် စကားကြောင့်
ထက်ရှား ရယ်တော့
ကလေးငယ်က ခေါင်းလေးစောင်းလာပါသည်။

"ဟားဟား ကိုယ့်ကလေးက အဲ့လောက်ရရာအလုပ်လုပ်နေတာ ဘာလဲ ကိုယ့်ကိုတင်တောင်းမလို့ "

မဆိုင်းမတွ ခေါင်းငြိမ့်ပြတယ့် ကောင်လေးပင်

အဖြေက

"ဟုတ်တယ်"တယ့်

ကလေးငယ်ရယ်
ဒီလောက်အထိ အတွေးများနေမှန်းကိုယ်မသိခဲ့ဘူး
ပါးဖောင်ဖောင်လေးတွေ ချောင်လာစေတယ့် တရားခံက ကိုယ်တယ့်လား

အတွေးတစ်ချို့များနေတုန်း စက်ဘီးလေးရပ်တန့်သွားတာကြောင့် ကြည့်လိုက်တော့
တိုက်ခန်းတွဲတစ်ခု၏ အောက်တွင်ဖြစ်သည်။

Simple (S3){complete}Donde viven las historias. Descúbrelo ahora