Ep32

2.3K 164 4
                                    

စံအိမ်ကို ပြောင်းတယ့်နေ့
အပန်းဖြေစံအိမ်အဖြစ် ထားပေမယ့်
ကျယ်ဝန်းလှတယ့် အိမ်ကြီးက မိသားစုဝင်အများကြီးနဲ့ပင် နေလို့ရသည်။

လှပလွန်းတယ့် မြက်ခင်းပြင်ကျယ်ကျယ်ပါ
ရှိနေတယ့် အိမ်ကြီးက
တကယ့်ကို နေချင်စရာ
ပန်းပင်လေးတွေပါ စုံနေအောင်
စိုက်ထားတော့
ထက်ရှားအကြည့်မလွဲနိုင်

တဖြည်းဖြည်းနဲ့ အိမ်ရှေ့မှာ ရပ်တန့်သွာူတယ့် ကားလေးကြောင့်
ထက်ရှားလည်း ဆင်းလိုက်ကာ
မောင့်ကို ရှာရသည်။

အရင်နေ့တွေတည်းက အိမ်သန့်ရှင်းရေးလုပ်ရင်း
ပစ္စည်းတွေကို မောင့်မိဘတွေလက်ထပ်ကဟာကလွဲရင်
အကုန်လဲနေလေသည်လေ။

ဒါကြောင့်လည်း ခုလိုတယ့်
ပစ္စည်းတွေကို ချကာ
အထားအသိုတွေပါ ပြန်ပြောင်းနေတာမလို့
ခြံထဲမှာ ပစ္စည်းအတင်အချလုပ်နေသူတွေနဲ့ရော
နေရာရွေ့နေတယ့် သူတွေရော အလုပ်ရှုပ်နေလသည်။

ထက်ရှား အိမ်ထဲကို ဝင်သွားတော့
တွေ့ပါပြီ မောင်ဟာ ဒူးလောက်ဘောင်းဘီ
စပို့ရှပ်အပွနဲ့ နေရာချဖို့ပြရင်း
သူပါ ရောရွေ့နေသည်။

"မောင် "

"အချစ်က ရောက်ပြီလား
စောတာ အချစ်ရယ် ဒီမှာ ဖုန်နံ့တွေနဲ့
ရှုပ်ရှက်ခတ်နေတာ လာလာအပြင်ကို "

ပြောရင်းနဲ့ပင် လက်ကနေ ဆွဲကာ ခေါ်သွားတယ့် သူကြောင့် ထက်ရှားသည်
စောနက ခြံထဲရှိ ပန်းပင်လေးတွေနားသို့ရောက်လာသည်။

လူကို တင်းနေအောင် ဖက်ထားလိုက်တယ့်
မောင်ကြောင့် အင့်ခနဲ
ချွေးတွေစိုနေတယ့် မောင်ရယ့် မျက်နှာဟာ
သန့်ရှင်းနေတယ့် ထက်ရှားရယ့်
ပါးနဲ့ လာထိကာ စိုသွားပေမယ့်
မောင့်ရယ့် ပါးကိုထက်ရှား
အနမ်းပေးမိသည်။

"ကိုကို မောင်က ချွေးတွေနဲ့ ညစ်ပတ်နေတယ် "

"ဘာဖြစ်လဲ ညစ်ပတ်လဲ မွှစ်
ကိုယ့်ယောကျာ်းဘဲကို "

"ကိုကိုနော် မောင့်ကို အသည်းယားအောင် "

"အဆင်ပြေကျရဲ့လား
ကိုယ်လည်း ဝိုင်းလုပ်မယ်လေ "

မောင့် နှဖူးက ချွေးတွေကို လက်ကလေးနဲ့ ဖွဖွသုတ်ရင်း
ပြောလာတယ့် ကိုကိုကြီးကြောင့်
လက်ကလေးကို ဆွဲယူကာ
ထိုလက်ကလေးကို နမ်းလိုက်သည်။

Simple (S3){complete}Where stories live. Discover now