Ep7

3.6K 266 14
                                    

ငယ် တစ်ယောက်
အိမ်ပေါ်ထပ်ကိုတက်လာကာ
အခန်းတံခါးပိတ်၍ ငိုနေမိသည်။

ဒေါသတွေလည်းထွက်လို့ အသားတွေတောင်တုတ်လို့ပေါ့
ငယ်သဘောကျတယ့်အရာကို ဘယ်လိုသတ္တိနဲ့များ ထိရဲတာလဲ
အား!!!!!

သျှားရောင်စဉ် စိတ်တိုစွာ ကုတင်ပေါ်က
ငယ့်ခေါင်းအုံးကိုဘဲ ထုရိုက်ကာ ရှိုက်ငိုနေမိသည်။
ကိုကိုကြီးကလည်း ငယ့်ကိုအော်ပြန်ပြီ
မုန်းတယ် ကိုကိုကြီးငယ့်ကို အော်အောင်လုပ်တယ့်သူတွေကို
ဒေါသတွေထွက်နေရာကနေ
ဘာကို ဝမ်းနည်းမှန်းမသိ မျက်ရည်တွေဝဲတက်လာတယ့် ငယ်ဟာ
ကျန်တယ့် အရုပ်တွေကို ဖက်ထားရင်းနဲ့ပင် ငိုနေမိသည်။
အင့် ငယ့်အရုပ်ကလေးကို
အင့်ဟင့် လာထိရဲတယ်

အတော်ကြာ ငိုကျွေးနေမှုအပြီးမှာ
သျှားရောင်စဉ် ကုတင်ပေါ်တွင် ခွေခွေလေးအိပ်ပျော်သွားသည်။
ကိုကိုကြီးရယ့် အငွေအသက်တွေရှိတယ့်
ခေါင်းအုံးလေးကို ဖက်ထားရင်းပေါ့

............

"ငယ်လေး "

ထက်ရှားဧကရာဇ်တစ်ယောက်
အတော်ကြာကြောင်အနေကာမှ ကလေးမလေးရယ့် ငိုသံကြောင့် သတိပြန်ဝင်ကာ နောက်မဝင်ဖို့မှာရင်း
ဆင်တူအရုပ်ကလေး သွားဝယ်ပေးရန်သာ
စီစဉ်လိုက်သည်။

ကလေးငယ်ရယ် အသက်ကလေးကငယ်ငယ်နဲ့ စိတ်ကြီးလိုက်တာ။

ထက်ရှားဧကရာဇ် ပြန်ရောက်လို့
ကြီးကြီးတို့ကိုမေးတော့ ငယ်လေးက
ဆင်းမလာဘူးတယ့်
အပေါ်ထပ်ကို ထက်ရှားတက်သွားကာ
တံခါးကို သာသာလေးဖွင့်တော့
အခန်းထဲက ငယ်တစ်ယောက် ခေါင်းအုံးလေးကိုပိုက်ကာ ဆူပုတ်နေလေရယ့် ဆံပင်လေးက အိပ်ရာထကာစမလို့ ပွလို့

ကလေးငယ်က အခုကျတော့လည်း
စောနကပုံနှင့် တစ်ချကိမှ မသက်ဆိုင်ပေ
လူစားထိုးထားသလားလို့တောင်
အောင့်မေ့ရတယ်

"ငယ်လေး"

ငယ်တစ်ယောက် ကိုကိုကြီးလာမရှာသေးတာကြောင့် ဆူပုတ်နေတယ့် အချိန် အခန်းထဲကိုဝင်လာတယ့် ကိုကိုကြီးကြောင့် ဝုန်းခနဲ အိပ်ယာထဲ ပြန်လှဲကာ စောင်ခြုံရင်း အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

Simple (S3){complete}Où les histoires vivent. Découvrez maintenant