အိစက်နေတယ့် မွေ့ယာတို့ဖြင့်
လှပလွန်းတယ့် ကျွန်းကုတင်ကြီးပေါ်တွင်
ဟိုလှုပ်ဒီလှုပ်ဖြစ်နေကာ စောင်တွေနဲ့ လုံးထွေးနေတယ့် ကောင်လေးတစ်ဦးထိုကောင်လေးသည်ကား
လှပလွန်းသည့်အိမ်ပိုင်ရှင်လေး၏
ခင်ပွန်းသည်ပင် ။သျှားရောင်စဥ် တစ်ယောက် မနက်၇နာရီထိုးလို့ နိုးနေပေမယ့်
ကိုကိုကြီးအနမ်းပေးကာ လာန်ုးမှာကို
ပေကပ်ပြီးစောင့်နေရင်း
အိပ်ယာထဲကခုထိ မထရသေးပေ။*ကိုကိုကြီးက မောင့်ဆီကိုလာလည်းမလာသေးဘူး*
ကောက်ခြင်လာတယ့် စိတ်လေးကြောင့်
ဘေးနားက ကိုကိုကြီးရယ့် ခေါင်းအုံးကို ဆွဲကာတင်းနေအောင်ဖက်ထားရင်း
ဟိုလိမ့်ဒီလိမ့်လုပ်နေတော့
ကျွီခနဲဆို ပွင့်သွားတယ့် တံခါးလေးကြောင့်
သျှားရောင်စဥ်တို့ အိပ်ခြင်ယောင်ဆောင်ရန်
ချက်ချင်းပင် ဘုန်းခနဲပစ်လှဲလိုက်ရင်း
ကိုကိုကြီး ရိပ်မိလား မမိဘူးလား သိခြင်တာကြောင့် မျက်လုံးလေးတစ်ဖက်ကလည်း ခိုးကြည့်ပေးမိသည်။ဖုန်းပြောကာ ဝင်လာတယ့် ကိုကိုကြီးက
ပြုံးတုံးတုံးရယ်ပါဟွန့် ဒီကယောကျာ်းတစ်ယောက်လုံးကိုကျလာမနိုးဘဲ ဖုန်းပြောရင်းရယ်နေတယ်
ပြီးမှ အပြစ်ပေးရမယ်။တစ်ဖက်က ဖုန်းပြောကာဝင်လာတယ့်
ထက်ရှားသည်လည်းကုတင်ပေါ်က ပုစွန်ထုပ် လှုပ်တုတ်တုတ် စောင်လုံးလေးကို
ကြည့်ရင်း သဘောတကျရယ်မိသည်။မောင်ဟာလေ ကလေးလေးဘဲ
အရမ်းချစ်ဖို့ကောင်းတာ
ကိုယ့်အချစ်တွေ အကုန်ပေးတာတောင်
အဲ့လို အပြုအမူလေးတွေနဲ့ ထပ်ယူနေသေးတယ်။ထက်ရှား မောင့်ကို နိုးရန်ဆိုတာထက်
အိပ်ခြင်ယောင်ဆောင်နေသူလေး အလိုကျ
အနမ်းတွေနဲ့ မျက်နှာသစ်ပေးရန်
အနားသို့သွားကာ ထိုင်ချလိုက်တော့
အိကျသွားတယ့် မွေ့ယာစွန်းလေးကြောင့်
စောင်လုံးလေးထဲက မောင်ရယ့် နှုတ်ခမ်းလေးသည်လည်း
ကော့တတ်ကာ ပြုံးသွားမည်မှာ မလွဲပေ။စောင်လေးကို အသာလေးဖယ်တော့
ထွက်ပေါ်လာတယ့် မောင့်မျက်နှာလေးဟာ
ငယ်ရုပ်ကလေးမပျောက် နှတ်ခမ်းသားရဲရဲနဲ့
ပါးလေးတွေက
အသည်းယားစရာကောင်းနေဆဲ
ESTÁS LEYENDO
Simple (S3){complete}
Romanceလမ်းဘေးမှာ ဒုက္ခရောက်နေတယ့်ကလေးငယ်ကို မွေးစားခဲ့တယ့် ထက်ရှားဧကရာဇ် သူမွေးစားခဲ့တယ့်ကလေးကရော ရိုးရှင်းရယ့်လား တစ်ကိုယ်တည်းနေရာကနေ ခနလေးအတွင်း သံယောဇဉ်တွယ်မိတယ့် ကလေးငယ်ကို အိမ်ခေါ်လာရာမှ ပြောင်းလဲလာမယ့် အကြောင်းအရာတွေ....... (Dailyup ) လမ်းဘေးမှာ ဒု...