Ep29

2.4K 152 1
                                    

"မောင် မစိုးရိမ်နဲ့နော်
ဘာဖြစ်ဖြစ် ခုချိန်တော့ စိတ်ထိန်းသိလား
ကိုယ် မောင့်နားမှာ ရှိနေတယ်နော်"

ကားပေါ်ကနေ မဆင်းမှီ တစ်ဖွဖွ
ပြောနေတယ့် မောင့်အသည်းဟာ
မောင့်ကို စိုးရိမ်နေကြောင်းသိသာလှသည်။

သူကိုယ်တိုင်လည်း
ကိုယ့်ကိုကိုယ် စိုးရိမ်နေမိပါသည်။
ဒီလောက် နှစ်တွေကြာသည်အထိ မေ့နေခဲ့တယ့်သူ တစ်နည်းအားဖြင့်
သူ့ရယ့် လက်ထဲတွင်သာ ကြီးပြင်းလာခဲ့ပြင်းလာရင်း
သူ့ကို ပြန်သတ်မယ့် သျှားရောင်စဥ်အတွက်
ဒီအချိန်မှာ တုန်လှုပ်ခြင်နေသည်။

ဒါကိုသိနေတယ့် ထက်ရှားဟာလည်း
မောင့်ကို ရင်ခွင်ထဲထည့်ကာ ဖက်ရင်း
မစိုးရိမ်ဖို့ တဖွဖွပြောနေလေသည်။

"မစိုးရိမ်ပါနဲ့ မောင် စိတ်ထိန်းနိုင်မှာပါ
ပြီးတော့ ပြောသလိုဘဲ မောင့်ဘေးနားမှာ
မောင့်အချစ် တစ်ယောက်လုံး ရှိနေမှာဘဲလေ "

"အွန်း ကိုယ်က မောင့်အနားအရိပ်ကလေးလို
ရှိနေမှာ "

ပြောလို့လည်း စကားဆုံးရော
ဟွန့်ခနဲ လုပ်လာတယ့် မောင်ကြောင့်
ရင်ခွင်ထဲက အသည်းအသက်လေးမျက်နှာလေးကို မော့စေတော့
အားယို့ နှုတ်ခမ်းလေးဆူ ပါးလေးဖောင်းလာတာ
ချစ်ဖို့ကောင်းချက်

"ဘာဖြစ်လို့လဲမောင် "

"အရိပ်လုပ်နဲ့ မောင့်ဘေးမှာဘဲနေ "

"why? "

"အရိပ်ဆိုတာက အလင်းရောင်မရှိရင်
မပေါ်ဘူးလေ ပြီးတော့ မှောင်နေရင်လည်း
တခြားအရိပ်တွေနဲ့ ရောကုန်မှာ
မောင့်အချစ်က တူဘူး
မောင်အတွက် တစ်ယောက်တည်း ထာဝရအတွက် အမြဲထူးခြားနေတာ "

မျက်ဝန်းတို့ကို စေ့စေ့ကြည့်ကာ
ပြောနေတယ့် မောင်သည်
စကားသံ ဆူတူတူလေးတို့ဖြင့်
ချစ်ဖို့ကောင်းနေပြန်သည်။
ဘယ်လို ကြည့်ကြည့် အမူအရာတစ်ခုဆီတိုင်း
ချစ်ဖို့ကောင်းနေတယ့် မောင်ဟာလေ
လူကို အရမ်း နေရခက်စေတာဘဲ
ဟင်း ကလေးလေးကို ချစ်ရတာလေ
ကိုက်တောင်စားချင်လာပြီ
ချစ်ရတယ့်မောင်ကတော့
ဒီလူသားအသည်းယားနေတာကို မသိဘဲ
ရင်ခွင်ထဲ တိုးဝင်ကာ ချွဲစဲ

Simple (S3){complete}Where stories live. Discover now