Ep4

4.3K 306 7
                                    

"ကလေးငယ်!!!'

ချက်ချင်းပင် ခွံ့မကျွေးနဲ့ဆိုကာ.
ကော်ရည်ခေါက်ဆွဲပန်းကနိကို တွန်းပစ်လိုက်သူကြောင့် ထက်ရှားဧကရာဇ်နဲ့ ဖြိုးယံထက်မှာ
ပြိုင်တူမတ်တပ်ပင်ရပိမိသွားသည်။

ပူပူလောင်လောင်ဖြစ်နေတယ့်
ပန်းကန်ထဲက ခေါက်ဆွဲနဲ့အရည်တွေဟာလည်း ကြမ်းပြင်ပေါ် ကျသွားတာတောင် အငွေ့တွေထွက်နေတုန်း

ကလေးငယ်ကို ထက်ရှားဧကရာဇ် ချီထားရာကနေ ကြည့်နေတော့ ကလေးငယ်က လက်သီးကို ကျစ်ကျစိစုပ်ထားလျက်
မျက်နှာလေးက ငိုတော့မှာမလို့ မျက်ရည်တွေတောင် အတော်ဝဲနေပြီ

"ကလေးငယ်ရယ် ဘာလို့ဒါမျိုးလုပ်ရတာလဲ အပူမလောင်သွားလို့ တော်သေးတယ်။"

ထက်ရှားဧကရာဇ်ရယ့် စကားအဆုံး ဖြိုးယံထက်ကအံ့ဩသွားကာ
သျှားလေးသည်လည်း ကိုကိုကြည့်ငါ့ကိုဘဲချစ်တာ ဆိုတယ့် အကြည့်နဲ့ ရင်ခွင်ထဲအား ပိုတိုးဝင်လိုက်သည်။

ဟုတ်တယ်လေ ကြည့်ပါလား
ဒါမျိုးလုပ်တာတောင် ငယ့်ကိုမဆူဘူး
ဒါငယ့်ကို ချစ်လို့
ကိုကိုကြီးက ငယ်လေးအပိုင်

ထက်ရှားဧကရာဇ်မှာတော့ ရင်ခွင်ထဲက
ကလေးငယ်ကို အပူလောင်မှာစိုးလို့ သေချာကြည့်ကာ 
ဖြိုးယံထက်ကို အားနာကြောင်းပြောရင်း
လန့်သွားတယ့် သူတွေကိုလည်း မချိပြုံးလေးနဲ့ပေါ့

ထို့နောက် ကလေးငယ်ကိုသာ ခေါ်၍
အိမ်ကိုပြန်လာခဲ့သည်။

"ကလေးငယ်ရယ် မစဉ်းစားဘုးလား
မတော်လို့ အပူလောင်သွားရင် ဘယ်လိုလုပ်မလဲကွာ တောက်ခ်"

ထက်ရှားဧကရာဇ် ကလေးငယ်ကိုစိတ်ပူတာရော ထင်မထားခဲ့တာရောကြောင့် ဒေါသထွက်ကာ တောက်ခနဲ တောက်ခေါက်မိတော့ တုန်သွားတယ့် ကလေးငယ်ကိုယ်လေးကို မြင်တော့လည်း ဒီကောင့်ရင့်မှာ စိတ်မကောင်းနိုင်။

"ငယ်ရယ် ကိုကိုကြီး တောင်းပန်ပါတယ်နော် စောနက ငယ်လေးကို စိုးရိမ်လွန်းလို့ပါ။"

"အင့် မခေါ်ဘူး ကိုကိုကြီးကို
ငယ့်ကို အော်တယ် မခေါ်ဘူး"

ချော့ကာမှ ပိုဆိုးတယ့်ငယ်ကြောင့်
ထက်ရှားဧကရာဇ် ဟူးခနဲသာ သက်ပြင်းချလိုက်မိသည်။
ကလေးထိန်းရတာ မလွယ်လိုက်တာ။

Simple (S3){complete}Where stories live. Discover now