Ep33

2.2K 147 4
                                    

စံအိမ်ရယ့် မီးဖိုခန်းတစ်ခုတွင်
မနက်စာချက်ပြုတ်နေတယ့်
အမျိုးသားတစ်ဦး
အဖြူရောင်ရှပ်အင်္ကျီလေးကိုပါ
ဝင်ဆင်ထားကာ
လှပလွန်းတယ့် လက်ချောင်းသွယ်သွယ်တွေနဲ့
ချက်ပြုတ်နေပုံက
မျက်နှာထက်က အပြုံးလေးနဲ့ တွဲဖက်ကြည့်လိုက်တယ့် အခါမှာ
အရမ်းကို လှပလွန်းနေသည်။

မနက်စာချက်နေတယ့် ထက်ရှားတစ်ယောက်
မောင့်ကို မနိုးခင် အဆင်သင့်ဖြစ်စေရန်
စောစောထကာ ချက်နေခြင်းပင်
မနေ့က ဝယ်လာတယ့်ထဲက
ကြက်ဥခေါက်ဆွဲတွေကို ကြော်ရင်း
မောင့်ဖို့ နွားနို့တစ်ခွက်ပါ ကြိုထားလိုက်သည်။
သူ့ဖို့ကတော့ မနက်စာက အနည်းငယ်ဆို
ဗိုက်ပြည့်နေပြီမလား။

နွားနို့အိုးကို ဝေမကျစေဖို့ တည်နေတုန်း
ခါးကို တင်းကျပ်စွာ လာရောက်ပြီး
ဖက်လိုက်တယ့် လက်တွေကြောင့်
ထက်ရှားရယ့် ပြုံးနေတယ့် မျက်နှာလေးဟာ
နှုတ်ခမ်းသားတွေ ကော့တက်ရင်း
သွားတန်းတို့ ပေါ်သည်အထိ ရယ်လိုက်မိသည်။

လှည့်မကြည့်ပေမယ့်လည်း
နောက်ကျောကနေ ဆူပွပွထွက်လာတယ့်အသံက

"အချစ်က မောင့်ကိုလည်း မနိုးဘူး"တယ့်

ဘေးနားကနေ မြင်နေရတယ့် မောင့်မျက်နှာလေးကို
ထက်ရှားခေါင်းလေးစောင်းရင်း
အနမ်းပေးတော့

မောင်ဟာ နားရွက်လေးရဲပြီး
ခေါင်းလေး ငုံထားသေးသည်။

"မောင် မျက်နှာမသစ်ရသေးဘူး"

"မသစ်ရသေးလဲ ဘာဖြစ်လည်း
မောင့် နှုတ်ခမ်းက ဘယ်ချိန်နမ်းနမ်း ချိုနေတာဘဲကို "

"အချစ်နောိ "

"မောင်နော် "

"လိုက်မပြောနဲ့လေ အချစ်ရဲ့"

"လိုက်မပြောပါဘူး မောင်ရယ့် "

"စနေတယ်ပေါ့လေ မောင့်ကို "

"စမိလို့လား ညစ်ပတ်အိုးလေးကို မစမိပါဘူး "

ထက်ရှား ပြုံးစိစိနဲ့စတော့ မောင် ဟာ
လက်ဖယ်သွားရုံတင်မက
ခြေထောင့်လေးစောင့်ကာ
ဆူပုတ်သွားသည်။
အိပ်ရာထစမလို့ အသံခပ်အပ်အပ်လေး
ဖြစ်နေတယ့်မောင်ဟာ
မျက်နှာလေး ဖောင်းဖောင်းလေးနဲ့
ဆူထွက်နေတယ့် နှုတ်ခမ်းလေးက ချစ်စရာလေး။

Simple (S3){complete}Where stories live. Discover now