Ep34

2.1K 136 12
                                    

"ကျွတ်စ် ကျွတ်စ် အားပါးပါး
နာလိုက်တာ "

ထက်ရှား ခေါင်းနောက်ခြင်းများစွာနဲ့
အိပ်ယာနိုးလာတာကြောင့်
ထတောင်မထိုင်နိုင်သေး
မျက်လုံးလေးကိုသာ အသာလေး
ဖွင့်မိသည်။

ကျစ် ခါးကလည်း နာလိုက်တာ
ဟိုဘက် ဒီဘက်တောင် မနည်းလှည့်ရတယ်။
ဘေးတစ်စောင်းကနေ
ထက်ရှားပက်လက်ကလေး အသာလေးလှန်ကာ
မျက်စိလေး မှိတ်ရင်း ညက အကြောင်းအရာတွေကို စဉ်းစားမိသည်။

ညကတုန်းက သူအငှားယာဉ်မောင်းနဲ့ ပြန်လာတယ်
နောက်လမ်းမှာတင် အိပ်ပျော်သွားတယ်
နောက်ပြီးတော့

မနေ့ညက >>>>>>>>>>>>>

ထက်ရှားကို ကားပေါ်ကနေ ပွေ့ကာ
ဆင်းစေတော့ အတင်းတွန်းဖယ်နေတယ့်
အချစ်ဟာ မောင့်ကို တွန်းတိုက်ရင်း
အိမ်ထဲ ဝင်သွားလေသည်။

ထို့နောက် ဆိုဖာပေါ်တွင် ဝုန်းခနဲလှဲချလိုက်တာကြောင့်
သျှားရောင်စဉ် သွားပွေ့တော့
အချစ်က လှမ်းလာတယ့်
လက်ကို ရိုက်ထည့်လိုက်တာများ
ဗြန်းခနဲ

"အချစ် ဒီမှာ မအိပ်နဲ့လေ
အခန်းထဲသွားမယ်နော် ဒီမှာဆို ဇာတ်နာနေမယ်'

"အွန်းးးးးထိနဲ့လို့
သွားဘူး ဒီမှာ အိပ်မှာ "

"အချစ် "

"ထော်နဲ့ !!!!"

ရုပ်တရက် စကားမပီတော့ဘဲ
ထအော်တယ့် အချစ်ကြောင့်
မောင့်မှာ ပါးစပ်အဟောင်းသာ
ဝုန်းခနဲဆို ပြန်ထထိုင်တယ့်
ကိုကိုကြီးက
နှုတ်ခမ်းလေးဆူကာ မျက်လုံးလေးစဉ်းလို့
အရက်ရှိန်ကြောင့် ရဲနေတယ့်
ပါးလေးကို သွားထိတော့
အိခနဲ

ထပ်လည်းတို့ကြည့်ရော
ဝေါင်းခနဲ ထကိုက်မယ်လုပ်လို့
လက်ညိုးအား ပြန်ရှောင်ရသည်။

"ထိနဲ့ မောင်ပိုင်တာ မောင့်ဟာကို
လာမထိနဲ့ "

ဟောဗျာ ချက်ချင်း
ပါးလေးကို လက်နဲ့အုပ်ပြီး
မျက်စောင်းလေးထိုးကာ ပြောနေတယ့်
ကိုကိုကြီးကို သျှားရောင်စဉ်အသည်းယားလွန်းလို့ ကိုင်ဆောင့်ခြင်လာသည်။

ခြေထောက်ကလေးကိုသွားဆွဲတော့လည်း
ခြေထောက်လေးပါ သိမ်းသွားသည်။

Simple (S3){complete}Where stories live. Discover now