Ep35

2.3K 139 4
                                    

"အဲ့တာလေးက လှလိုက်တာနော် အချစ် "

ထက်ရှားကို ပေါင်ပေါ်တင်ကာ
ဖက်ထားရင်း စကားဆိုလိုတယ့်
မောင်ကြောင့်
ထက်ရှားလည်း လက်ထဲက
စိန်ပွင့်လေးကို သဘောတကျကိုင်ကာ
မောင့်ဘက်ကို လှည်လိုက်ရင်း
ပြောတော့
မောင်ဟာ  အသားယူလေရဲ့

"အွန်း လှဆို ဈေးကလည်း မသေးဘူးလေ
မောင်နော် လူကို"

သျှားရောင်စဥ်ပေါင်ပေါ်မှာ ထိုင်နေတယ့်
အချစ်ကို အသည်းယားစွာ
ဒီဘက်ကို လှည့်လာတိုင်း နမ်းတော့
အချစ်ဟာ ရှက်သွား၍
ပါးလေးတွေ ရဲကာ ခေါင်းငုံသွားလေရယ့်

အနွေးထည်အပါးလေးကို
ကိုယ်တွေလက်တွေနာနေတာကြောင့်
ဝတ်ထားတယ့်
ကိုကိုကြီးဟာ
မောင့်ရင်ခွင်ကို မှီ၍
ပေါင်ပေါ်တွင် ထိုင်နေကာ
စိန်လေးတွေကို မျက်မှန်လေးနဲ့
စိတ်ဝင်တစားကြည့်ရင်း
ဈေးသတ်မှတ်နေလေသည်။

အသည်းယားစွာ
သျှားရောင်စဥ် အချစ်ရဲ့
ဂုတ်ပိုးလေးကို နမ်းရင်း
ဖက်ထားတော့ အင့်ခနဲ မြည်သွားတယ့် အချစ်ဟာ
ဘုကြည့်လေးကြည့်ရုံမှ လွဲ၍ တစ်ခြားစကားကို
မဆိုပါ။

ထက်ရှားနောက်ကနေ လိုက်ကလိနေတယ့်
မောင့်ကို လျစ်လျူရှုကာ
လုပ်စရာရှိတာတွေ ဆက်လုပ်တော့
မောင်သည် ဘယ်ကနေဘယ်လို
ဟန်းချိန်းလေးကို မျက်စိကျသွားသည်မသိ
ထည့်ထားတယ့် ဗန်းထဲမှ
ဟန်းချိန်း ​ကျောက်အနီလေးနဲ့
သေးသေးလေးအား
တယုတယကိုင်ရင်း သူ့အားပြလာသည်။

"အချစ် "

"ပြောလေမောင် "

"ဒါလေး လှလိုက်တာနော်"

"ဟုတ်တယ် ချစ်စရာလေး "

ချက်ချင်း ကိုယ့်လက်ကိုဆွဲကာ
ဟန်းချိန်းနဲ့ လက်တိုင်းကာ
ဝတ်စေတယ့် မောင်ဟာလေ
ဒါကို လူကြီးဝတ်ထင်နေတာလား

"မောင် ဒါ ၃နှစ်သမီးလေးတွေအတွက်
ဆွဲထားတယ့် ဒီဇိုင်းနော် "

ချက်ချင်းလျောကျသွားတယ့်
လက်ကလေးက
ထက်ရှား လက်ကိုတိုင်းနေရာကနေ ဗန်းထဲကို
ပြန်ထည့်လိုက်သည်။

"မောင်က လူကြီးဝတ်ထင်လို့
အချစ်နဲ့တော်ရင်
မောင် ဝယ်ပေးမလို့ကို "

Simple (S3){complete}Donde viven las historias. Descúbrelo ahora