Ep15

3.3K 204 6
                                    

"အား ကျွတ်စ် ကျွတ်စ်"

ငယ်တစ်ယောက် အိပ်နေရင်းနဲ့ပင်
ဝမ်းဗိုက်ဆီကာ အောင့်တက်ကာ တဆစ်ဆစ်နဲ့ နာလာတာကြောင့် ကိုယ်ကို ကွေးနိုင်သမျှ
ကွေးထားမိသည်။
ဗိုက်ထဲကနေ နာကျင်နေမှုက မသက်သာ
ချွေးစေးတို့ပင် ထွက်နေပြီ
ငယ် ကြိတ်မခံနိုင်တော့တယ့်အဆုံး ကိုကိုကြီးကို လှုပ်နိုးမိသည်။ အရင်ကဆို နည်းနည်းလေး လှုပ်တာနဲ့ နိုးတယ့် ကိုကိုကြီးက အခုမှ အတိုးနဲ့ ပေါင်းအိပ်နေသလားမသိ

"ကိုကိုကြီး ကိုကိုကြီးရေ "

ငယ်ရယ့် အတော်ကြာလှုပ်နိုးမှုနောက်မှာ
ကိုကိုကြီးသည် နိုးလာတော့သည်။

ထက်ရှား ငယ်လေးနိုးတာကြောင့်
နိုးနိုးခြင်း စိတ်နဲ့လူနဲ့မကပ်ဖြစ်နေပေမယ့်
ကိုကိုကြီးဆိုပြီး အားတင်းကာ ခေါ်တယ့် အသံကြောင့် ငယ်ကို့ကြည့်တော့
ကွေးကွေးလေးဖြစ်နေကာ ချွေးစီးတို့ပင် ထွက်နေသည်။

"ငယ် ဘယ်လိုဖြစ်တာလဲ ငယ် "

"ဗိုက်အောင့်တာ အား ညက အစာလွန်သွားလို့ "

ထက်ရှားမှာ ငယ်ရယ့်အဖြေကြောင့် ဆူခြင်ပေမယ့်လည်း ဒီလောက်ဖြစ်နေတာတောင်
တောင်းပန်တယ့် အကြည့်တွေနဲ့ကြည့်နေတယ့် ငယ်ကြောင့် မဆူရက်တော့

အရင်ကလိုဆို ဆွဲပွေ့လို့ရပေမယ့် ကိုယ့်နီးနီးဖြစ်လာတယ့် ငယ်ကြောင့်
ထက်ရှားမှာ ရသလောက်သာ ပွေ့ရင်း
ကုတင်ခေါင်းရင်းမှာ မှီစေလိုက်သည်။
ထက်ရှား ငယ်လေးရယ့်
ဝေဒနာကြောင့် ရှုံတွနေတယ့် မျက်နှာလေးကို
ကြည့်ရင်း ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။

ထက်ရှား ဆေးသွားယူရန်ထတော့
လက်ကိုဆွဲထားတယ့် ငယ်

"ဘာဖြစ်လို့လဲ"

" စိတ် အ့ စိတ်မဆိုးပါနဲ့ ကိုကိုကြီး "

ငယ်ရယ့် အသံကြားတော့ ပိုတောင် ကိုယ့်ကိုကိုယ် ဒေါသထွက်မိသည်။
ဒီလောက် ဖြစ်နေတာတောင် ဘယ်တော့မှ
ကိုယ့်ကိုကိုယ် ဂရုမစိုက်တယ့်ငယ့်ကိုလည်း ရိုက်ခြင်သည်။
မနက်မှသာ ဆူတော့မည်ဟု တွေးရင်း
လက်ကိုသာ ဖြုတ်ချကာ  ဆေးဘူးရှိရာသို့သာလာလိုက်သည်။

Simple (S3){complete}Where stories live. Discover now