အိပ်ယာထက်တွင် နှစ်ခြိုက်စွာ
အိပ်မောကျနေတယ့် သူနှစ်ဦး
အသက်ငယ်ပုံပေါ်သည့် ကောင်လေးသည်။
သူ့ရင်ခွင်ထဲက လူသားအား
လွတ်ထွက်သွားမှာ စိုးသည့်အလား
တင်းကျပ်စွာ ဖက်ထားရင်း
အိပ်ပျော်နေလေသည်။နာရီသံ တချပ်ချပ်အသံလေးသာ
ကြားနေရတယ့် အခန်းလေးထဲတွင်
အရာအားလုံး ငြိမ်သက်နေစွာ
တစ်ခနအကြာမှာတော့
ကုတင်ထက်က လှုပ်ရှားမှုလေး ပေါ်ပေါက်လာသည်။ထက်ရှား အိပ်နေရင်းနဲ့ပင်
ချမ်း စိမ့်စိမ့် ဖြစ်လာတာကြောင့်
နိုးလာတော့ မအိပ်ခင်တုန်းက ဖွင့်ထားတယ့် အဲကွန်းမှာ အခုလည်း ဖွင့်လျက်သားမောင့်ကို ကြည့်တော့
မောင်သည် သူ့ကိုယ်သာ ဖက်ထား၍
အိပ်ပျော်နေလေရယ့်မောင် မနိုးသွားစေရန်
ဖက်ထားတယ့် လက်ကလေးကို သာသာလေးဖယ်ရင်း
အဲကွန်းကို ပိတ်ကာ
ရေတခွက် မော့ရင်း ပြန်ထိုင်နေလိုက်သည်။လက်ကလေးနဲ့ လူကို အိပ်နေရာမှ လိုက်စမ်းနေတယ့် မောင့်ကိုလည်း
ခေါင်းအုံးလေးထည့်ပေးကာ
စောင်လေးပြန်ခြုံပေးရင်းပေါ့။မောင်ဟာလေ ဒီအရွယ်ရောက်တာတောင်
လက်ကလေးနဲ့ အိပ်နေတုန်း အနားမှာမရှိမှာစိုးလို့ လိုက်စမ်းတယ့် အကျင့်က ခုထိကိုမပျောက်ဘူး။ထက်ရှား ထိုင်နေရာမှ ကုတင်ကိုခပ်လျော့လျော့ ကျောမှီရင်း
မောင်ရယ့် ဆံပင်လေးတွေကို
သပ်ပေးနေမိသည်။
အိပ်မက်ထဲထိဘာတွေ အလိုမကျသည်မသိ
နှုတ်ခမ်းလေးဆူနေတယ့်မောင်ဟာ
ငယ်ငယ်က အကျင့်တွေ တစ်ခုမှ
ပျောက်မသွားခဲ့ပါ။မောင် မျက်နှာလေးကို
တစိမ့်စိမ့်ကြည့်နေမိရာမှ
ညက အကြောင်းကို စဥ်းစားမိတော့
ထက်ရှား မျက်နှာဟာ ပြုံးစိစိ
သဝန်တိုကာ အားကြီးနဲ့ ပြောချလိုက်တယ့်
မောင်ဟာလေ ဘာတယ့်
ရိုးတာ ကိုကိုကြီးတယ့်အဟက် မောင်ရယ်
ထင်လို့ပါလို့သာ ပြောလိုက်ချင်ပေမယ့်
ဒီလို ငလည်လေးလုပ်ကာ ဂုဏ်ဆာချင်နေတယ့် ကလေးလေးကြောင့်
ထက်ရှား ပြောချင်တာကို မြိုသိပ်ခဲ့ပါသည်။
ESTÁS LEYENDO
Simple (S3){complete}
Romanceလမ်းဘေးမှာ ဒုက္ခရောက်နေတယ့်ကလေးငယ်ကို မွေးစားခဲ့တယ့် ထက်ရှားဧကရာဇ် သူမွေးစားခဲ့တယ့်ကလေးကရော ရိုးရှင်းရယ့်လား တစ်ကိုယ်တည်းနေရာကနေ ခနလေးအတွင်း သံယောဇဉ်တွယ်မိတယ့် ကလေးငယ်ကို အိမ်ခေါ်လာရာမှ ပြောင်းလဲလာမယ့် အကြောင်းအရာတွေ....... (Dailyup ) လမ်းဘေးမှာ ဒု...