Beholders-part.3

1K 76 0
                                    


စံအိမ်နှင့် အနည်းငယ်အလှန်းဝေးသည့်နေရာတွင် တစ်ထပ်တိုက်လေးတစ်လုံးကိုတွေ့ရသည်

ထိုတိုက်ပုလေးမှာ စံအိမ်မှမြေနိမ့်ပိုင်းနေရာတစ်ခုတွင်ဆောက်ထားသည်

တိုက်ပုလေးမှ မြေမြင့်ပိုင်းတွင်ရှိသည့်စံအိမ်ကိုဘေးတိုက်မျက်နှာမူထားသည်
တိုက်ကလေးရှေ့တွင် အညီအညာပျိုးထားသည့် စံပယ်ရုံလေးများကို မြင်တော့ လွေးအောင် ပြုံးမိပါသည်
ခင်ထားဟာ စံပါယ်ဆိုလျှင် သိပ်ကိုကြိုက်နှစ်သက်သူဖြစ်သည်

ထို့နောက်ထိုတိုက်ပုလေးထဲသို့ ဝင်လာခဲ့လိုက်သည်

တိုက်လေးထဲတွင် စားပွဲဝိုင်းတစ်စုံနှင့် အခန်းသုံးခန်းသာရှိသည်
တစ်ခန်းမှာမီးဖိုခန်းနှင့် တစ်ခန်းမှာ ဘဘကြီး၏အခန်းဖြစ်သည်
ထို့ကြောင့် ကျန်တစ်ခန်းမှာ လွေးအောင်အတွက်သာ ဖြစ်သည်

" ဒါက မြေးရဲ့ အခန်းပဲ သန့်ရှင်းရေးတော့လုပ်ထားတယ်ကွယ် ''

ဘဘကြီးသည် အခန်းတံခါးကိုဖွင့်ပေးရင်းဆိုလိုက်သည်
လွေးအောင်သည် ဘဘကြီးပြောစကားကိုနားထောင်၍ပင် အခန်းထဲသို့ဝေ့ဝိုက်ကြည့်လိုက်သည်
ကျယ်လွန်းသည်မဆိုသာသော်လည်း လူငယ်တစ်ယောက်နေထိုင်ရန်တော့ အဆင်ပြေပါသည်
အခန်းထဲတွင် မထူမပါး မွေ့ယာလေးသည် ကုတင်ထက်တွင်နေယူသည်
ထို့အပြင် ပြတင်းပေါက်နားရှိ စားပွဲလေးနှင့် ရေနံဆီမီးအိမ်တစ်လုံးက အခန်းကိုတန်ဆာဆင်သည်

" အခန်းထဲပစ္စည်းတွေချပြီးရင် ရေချိုးလိုက် ညစာစားပြီးမှ နားတော့ပေါ့ကွယ်''

ဟုဆိုကာ ဘဘကြီးက မီးဖိုခန်းထဲဝင်သွားသည်
လွေးအောင်သည် အခန်းအား စိတ်ကျေနပ်သည်ထိ လှည့်ပတ်ကြည့်ပြီးချိန်မှာတော့ အထုတ်တွေနေရာချကာ ရေချိုးရန်ပြင်တော့သည်
တိုက်ပုလေး၏ အနောက်ဘက်တွင် သွပ်များကာထားသည့် ရေချိုးခန်းတွင် ရေချိုးပြီးစီးသည့်နောက် ကောင်းကင်မှာ မှောင်ရိပ်တို့ကကြီးစိုးလာသည်
လွေးအောင်တစ်ယောက် သဘက်နှင့်ခေါင်းသုတ်ကာ အိမ်ထဲပြန်ဝင်လာချိန်တွင် ဘဘကြီးသည် ညစာပြင်ဆင်ပြီးနေချေတော့သည်

Beholders(complete) (Z+U)Where stories live. Discover now