Beholders -part.21

566 41 0
                                    

" မောင်ရေ "

နောက်ကျောဘက်မှခေါ်သံကို ရင်းနီနေသည်မို့ အလျှင်အမြန်လှည့်ကြည့်လိုက်သည် ။

" ခင်ထား ဒီကိုဘယ်ကဘယ်လိုရောက် "

မြန်မာဝတ်စုံ ပန်းရောင်လေးဝတ်ထားသောခင်ထားသည် ယုဇနပန်းတစ်ချို့ကိုပန်လျက် လှလှပပသူ့ထံသို့လျှောက်လာသည် ။
အချိန်သည်ကား နေ့ခင်း ၃ နာရီ ။
နေရာသည်ကား ကျောင်းရှေ့အရိပ်ကျရာပိတောက်ပင်အောက်၌ဖြစ်သည် ။

" ခင်က ကြီးကြီးတို့ဆိုင်မှာကူလုပ်ဖို့ဆိုပြီး မြို့ကိုရောက်နေတာ တစ်ပတ်လောက်ရှိတော့မယ်ထင်တယ်မောင် "

နှစ်ယောက်သား ပိတောက်ပင်၏အောက်ထိုင်ခုံထက်ထိုင်ရင်း စကားပြောဖြစ်ကြသည် ။

" အော် ခင်ထားက ဘယ်လောက်ကြာအောင်နေမှာလဲ "

မျက်နှာချေမှုန့်များကို လှပသေသပ်အောင်လိမ်းထားပြီး ဆေးနီတချို့၏အကူဖြင့် ပန်းရောင်သန်းနေသော နှုတ်ခမ်းပါးတို့ဟာ စကားချိုချိုကိုဆိုသည် ။

" တစ်လ ၊ နှစ်လ မဟုတ်လည်း တစ်နှစ် ၊ နှစ်နှစ်လောက်ကြာမယ်မောင် ဒါနဲ့ မောင်ပိန်သွားလိုက်တာ နေမကောင်းဘူးလား "

စိတ်ပူခြင်းများယှက်ပြေးနေသော ခင်ထား၏မျက်ဝန်းတွေဟာ သူ့ကိုယ်ပေါ်ဖြတ်ပြေးနေသည်။

" မောင်နေကောင်းပါတယ် စာနည်းနည်းပိနေလို့ပါ "

" မောင့်ရဲ့အနီရောင်မုန်းတဲ့တစ်ယောက်နဲ့ ခင့်ကိုမိတ်ဆက်ပေးပါအုန်း "

ထိုအပြောကြောင့် လွေးအောင်သည် လိပ်ပြာမလုံသလိုခံစားရသည် ။
သစ္စာဖောက်ခံရသူ ခင်ထားကိုယ်တိုင်မှ ထိုစကားမျိုးပြောလာသည့်အခါ လွေးအောင်အနည်းငယ် ရှက်မိသည် ။
သို့သော် ခင်ထား၏မျက်နှာထားသည် ပုံမှန်အတိုင်း ။

" မောင်သိလား ခင်ကမနေချင်သူကိုဆွဲထားတတ်တဲ့သူမဟုတ်ပါဘူး ။ မောင်သာစိတ်ရှိရင် ခင်ကခုချက်ချင်းသူ့လက်ထဲထည့်ပေးမယ့်သူမျိုး ။ ခင့်အတွက်ယောကျ်ားမရှားဘူးမောင် ။ ခင့်အတွက်မောင့်လိုလူသာရှားတာပါ ခင်တော့မောင်မရှိလဲနေနိုင်ပါရဲ့ကွယ် "

Beholders(complete) (Z+U)Donde viven las historias. Descúbrelo ahora