Beholders-part.16

583 52 0
                                    


ကျယ်ပျံ့သလို နေရာတိုင်းဟာတစ်နေရာတည်းမို့ကျဥ်းမြောင်းစေသည်ဟု ခံစားစေရသော ပင်လယ်ပြင်နှင့်တင်စားဖူးသော လွေးအောင်၏မြတ်နိုးရာမျက်ဝန်းတွေဟာ တကယ်ပင် ပင်လယ်ပြင်လို သူ့အား ပျော်စေသလို တစ်ခါတရံ မွန်းကြပ်စေပြန်သည် ။

ကော့ညွှတ်သည့် မျက်တောင်ရှည်တွေဟာ ဘေးတစောင်းများ ငေးကြည့်မိပါလျှင် ပန်းချီကားတစ်ချပ်၏ အနားသတ်ဘောင်တွေလို သေသပ်လှပလွန်း၏ ။

ခြေဖမိုးလေးတွေဟာလည်း တယုတယပွေ့ပိုက်နမ်းရှိုက်ချင်လောက်အောင် ကြွေရုပ်အလားလှလွန်းသည် ။

လွေးအောင်သည် သခင်လေးအနားသို့ အကြောင်းအမျိုးမျိုးရှာကာ ရောက်လာတတ်သည် ။

အပတ်စဥ်စာအုပ်လေးများငှား၍လည်းကောင်း ၊ ညဘက်သခင်လေးထွက်လာချိန်၌အနောက်မှလိုက်သည်လည်ကောင်း ၊ နှင်းဆီဖြူများကိုဆိုင်မှတကူးတကဝယ်၍သွားပေးခြင်းဖြင့်လည်းကောင်း အကြောင်းအမျိုးမျိုးရှာ၍ သခင်လေးထံပါးခစားသည် ။

သို့သော် လွေးအောင်သည် ဤသို့လုပ်ပေးနေရခြင်း ၊ ငေးကြည့်နေရခြင်းတို့ကိုသာ လိုလားသည် ။

ထိုမျှလောက်နှင့်လုံလောက်သည် ။

ရောင့်ရဲနိုင်သည် ။

တခါတရံ သခင်လေးနားတိုးသွားချင်မိသော်ငှား တခါတရံ ပိုဝေးဝေးကိုပြေးချင်သည် ။

လွေးအောင်တွင် အဖေရှိသည် ။ ကတိကဝတ်ပြုထားရာခင်ထားရှိသည် ။ ပေါင်းသင့်ဆက်ဆံနေရာသူငယ်ချင်းများရှိသည် ။

လွေးအောင်သည် ဂုဏ်သိက္ခာတို့ကို ဘုရားတစ်ဆူလိုကိုးကွယ်လာသူမို့ မိုက်ရူးရဲဆန်စွာ သခင်လေးဘက်သို့ တိုးဝှေ့မသွားချင် ။

သူ၏ချစ်ရသူဟာ ယောကျာ်းတစ်ယောက်ပါဆိုသည်ကို လက်မခံကြမည့်ပတ်ဝန်းကျင်မှာ သူမနစ်မွန်းချင် ။

သူများလှောင်ထေ့နေသည့်ဘဝတွင် သူ့ဘဝကိုမပြောက်ဆုံးချင် ။

ထို့ကြောင့် မီးမှန်းသိနေသော သခင်လေးထံသို့ ပိုးဖလံလိုမကြောက်မရွံတိုးဝင်ပြောက်ကွယ်မသွားချင် ။

Beholders(complete) (Z+U)Where stories live. Discover now