Beholders-part.13

631 51 0
                                    



အေးမြမြလေထုတွင် လွေးအောင်သည် ကြမ်းရှရှလမ်းမထက် ခြေဖဝါးကိုရဲရဲချလိုက်သည် ။

ခင်ထားလက်ဆောင်ထည့်ပေးရာနီရဲရဲကတ္တီပါဖိနပ်ကို လက်တစ်ဖက်တွင် ကိုင်သည် ။

ငိုက်ဆိုက်ဆိုက်ခေါင်းသည် ဖြူသည်ဟုသာဆိုလို့ရသောခြေဖမိုးထက် အကြည့်ပို့သည် ။

သူ၏ခြေဖဝါးကြမ်းကြမ်းထက် ဝပ်တွားခဲ့သော ကတ္တီပါလေးဟာ သူနှင့်တန်ပါရဲ့လားဟုလည်း မေးခွန်းထုတ်သည် ။

သူသည် သစ္စာဖောက်တစ်ယောက်လို ခင်ထားအပေါ်၌ စိတ်မလုံမလဲဖြစ်ရသည် ။

ချစ်သူတစ်ယောက်အဖြစ်သူသည် ခင်ထားအပေါ်၌ ချစ်စိတ်လေးတစိုးတစီပင်ဟန်ဆောင်၍မရှိခဲ့ဖူးချေ ။
သို့ဆိုလျှင် သူ့အချစ်တွေသည်ကား ဘယ်အရပ်မှာရှိမည်နည်း ။

ငုံ့ထားဆဲခေါင်းကို ပင့်တင်လိုက်ချိန်တွင် မျက်ဝန်းထဲ ထင်ထင်ရှားရှားပေါ်လာသည့် ပုံရိပ်ရေးရေးလေး ။
လွေးအောင်သည် သူနှင့်မလိုက်အောင် ရင်များတဒုန်းဒုန်းခုန်သွားသည် ။

အေးစက်စက်သာနေတတ်သော သူသည် ယခုတွင် ပြာယာခတ်လျက်ရှိ၏ ။

စံအိမ်ရှေ့ခြံတံခါးဝတွင် မီးအိမ်လေးကိုင်ကာ ရပ်နေသည့် ဖြူလွှလွှအရိပ်ကလေးဟာ နတ်သားများကြွဆင်းလာသလားဟု မေးရလောက်အောင် သူ့မျက်စိထဲ၌ တောက်ပလွန်းနေသည် ။

ထိုပုံရိပ်လေး လွင့်ပျောက်မသွားခင်သူအမီရောက်ရန် အပြေးအလွှားသွားသည် ။

ကြမ်းရှရှလမ်းမထက် အေးစက်စက်ရပ်ဝန်းကြား သူ့ခြေဖဝါးတွေဟာ အက်ကွဲရာများ ထင်ကျန်သည် ။
ကိုင်ထားမြဲ ကတ္တီပါကို ချစီးပါရန်လည်း သူသတိမရနိုင် ။

နာကျင်လာသော. ခြေဖဝါးမှ သွေးကြည်ဥများကိုလည်း သူဂရုမစိုက်နိုင် ။

တစ်လှမ်းချင်းလှမ်းမိတိုင်း သူ့ရင်ဟာ လှိုက်ဖိုလာသည် ။

ခုန်လှုပ်လာသည်။

ငြိမ်သက်နေသော တောအုပ်ထဲမှ ကျားဟိန်သံလို သူ့ရင်ခုန်သံအား သူကိုယ်တိုင်ကြားနေရသည် ။

Beholders(complete) (Z+U)Where stories live. Discover now