Baholders-part.15

618 43 0
                                    


လေးတွေးတွေး ငိုက်စိုက်စိုက်ဖြင့် လွေးအောင် စာကြည့်တိုက်သို့ စက်ဘီးလေးနှင်လာသည် ။
ခပ်တိုးတိုးသက်ပြင်းတို့ကလည်း ခဏခဏချမိသည် ။

မွန်းကြပ်၏ ။

သူသည် မချစ်ခင်ကတည်းက မွန်းကြပ်နေသည် ။

" ကျောင်းစာမလိုက်နိုင်ဘူးလားကွယ် ''

ခပ်ချိုချိုအသံကြားသည့်အခါမှသာ လွေးအောင် ငုံ့ထားမြဲခေါင်းကိုမော့ကြည့်လိုက်သည် ။
ခပ်ရေးရေးလေးပြုံးပြနေသော အမျိုးသမီးမှာ ပါးချိုင့်သေးသေးလေးများဖြင့် ။
နီဆွေးဆွေးမြန်မာဝတ်စုံဟာ သူမကိုယ်ပေါ်၌ ရဲရဲရင့်ရင့်နေရာယူသည် ။
အနီရောင်ဟူသော အသိကြောင့် လွေးအောင် ပြုံးမိသည် ။
သခင်လေးသည် အနီရောင်ကိုမုန်းသည်မဟုတ်လား ။

စိတ်နှင့်အာရုံတို့က တောင်ပံပါသည်ထင်ပါ၏ ။
သခင်လေးထံသို့သာ ထပ်ခါတလဲလဲ လမ်းမှားရောက်သွားမိသည် ။

ပိန်ပိန်ပါးပါးနှင့် နုနယ်ပုံပေါ်သော သူမမှာ အသက်ကြီးပုံမပေါ် ။

" စာလိုက်နိုင်ပါတယ် မဆူး ''

ဆူးသည် စာကြည့်တိုက်ဘေး နှင်းဆီများကို နမ်းရှိုက်ရင်းပင် လွေးအောင်၏အဖြေကိုနားထောင်သည် ။

" မင်းကြည့်ရတာ ပြိုတော့မယ့်မိုးလိုပါလားလွေးရယ် အှုံ့မှိုန်းနေတာပဲ ''

သွယ်လျလျလက်ဖျားလေးများနှင့် နှင်းဆီပွင့်ကိုကိုင်ကာ နှာဖျားတွင် မွှေးကြူစေသည် ။
ဘေးတွင်ရပ်နေသူ လွေးအောင်ကိုအကြည့်တစ်ချက်မပို့ပါဘဲ စကားတို့သာ ပြောသည် ။

" မဆူးထင်လို့ပါ လွေးအဆင်ပြေပါတယ် "

ထိုစကားကြောင့် ဆူးသည် တဟားဟားရယ်လိုက်သည် ။
မိန်းမကောင်း ၊ မိန်းမငယ်များ ရယ်သလို လက်ဖဝါးလေးအုပ်ကာ ရှက်ရယ်ရယ်ခြင်းမဟုတ် ။
ပါးစပ်ကိုဟ၍ စိတ်မပါဘဲ ခပ်ခြောက်ခြောက်ရယ်ပုံမျိုးဖြစ်သည် ။

" မညာတတ်ပါလာလွေးရယ် ညာတာလဲတုံးလိုက်ပါဘိ ''

လွေးအောင်အကြောင်းကိုသိသလိုပြောလာသော ဆူးကို လွေးအောင်ကြည့်မရတော့ပါ ။

Beholders(complete) (Z+U)Donde viven las historias. Descúbrelo ahora