Beholders -part. 32

647 36 0
                                    

32

တိတ်သောညသည် အေးလည်အေးလှသည် ။

ခပ်စိတ်စိတ်ပေါက်နေသော စွယ်တော်တို့မှ သစ်ကိုင်းချင်း ရိုက်ခတ်သံသည် ခြံဝန်းတွင်း၌ ဆူးညံလျက် ။

မွေ့ယာထက်ရှိ ဖြူလွှလွှကိုယ်ပေါ်မှ ကွာကျသွားသောစောင်သည် အိပ်ရာခြေရင်းကြမ်းခင်းထက်၌ ကပိုကရိုရှိစွာ ငြိမ်သက်လျက် ။

ပုံကျသွားသော စောင်အား လိုက်လံစမ်း၍ရှာဖွေနေသော ဖြူသွယ်သွယ်လက်တစ်စုံသည် မွေ့ယာထက် ဟိုပြေးဒီပြေး ။

အချိန်အတော်ကြာ ရှာဖွေပြီးနောက် မတွေ့သည့်အဆုံး မျက်လုံးများပွင့်အလာသည် ။

မွေ့ယာထက်ထထိုင်လိုက်ပြီးနောက် အပုံလိုက်ကျနေသော စောင်ကိုကောက်ယူလိုက်သည် ။

ပြန်လှဲချရန်ပြင်ချိန်တွင် အခြေအနေတစ်ခုသည် သူ့အား ဆန့်ကျင်ခိုင်းတော့သည် ။

သခင်လေးသည် မွေ့ယာထက် ထလျက်အနေအထားမှ လသာဆောင်မှမောင့်အား ငေးကြည့်လိုက်သည် ။
သက်ပြင်းရှည်တစ်ခုအားချလိုက်သည် ။
ထို့နောက် စောင့်ကျောင့်ထိုင်နေရာမောင့်အနားသို့ ဖြည်းဖြည်းချင်းလှမ်းသွားလိုက်သည် ။

" မောင် "

တိုးညှင်းညင်သာစွာခေါ်တော့ မောင်ကပြန်လှည့်ကြည့်လာသည် ။
မျက်ကွင်းတွေဟာ ညိုလို့ပါလား ။
ထိုသည်ထက် မျက်ဝန်းတွေဟာ အုံ့မှိုင်းလေးပင်နေသည် ။

" ပင်ပန်းနေသလားမောင် ။ ငါ့ကိုပြော ငါလုပ်ပေးနိုင်တာဘာရှိသလဲ အကုန်လုပ်ပေးမယ် ငါ့ကိုပြောပါမောင် "

ခပ်ပိန်ပိန်ပါးနှစ်ဖက်အား လက်ဖဝါးနုနုဖြင့်အုပ်ကိုင်ရင်း မေးလေတော့ မောင်ကခေါင်းခါသည် ။

" မောင့်ကို စိတ်ပျက်နေပြီလား ရိပ် "

လအတော်ကြာပြီးခါမှ မောင့်၏ပထမဆုံးသော ရင်ဖွင့်ခြင်း ။ မောင်သည် ဒါတွေကိုတွေးနေသလား ဟုလည်း သူအတွေးဝင်မိသည် ။

" စိတ်မပျက်ဘူးမောင် ။ ငါကမောင့်ရဲ့ဖြစ်တည်မှုလေးကို မြတ်နိုးတယ် ။ မောင့်ကိုစိတ်ပျက်စရာလားမောင်ရယ် မောင်ဆိုတဲ့ဖြစ်တည်ရာလေးက ငါစိတ်ပျက်လို့မရတဲ့အရာလေးပေါ့ "

Beholders(complete) (Z+U)Where stories live. Discover now