Beholders-part.4

982 64 0
                                    

" နောက်နောင် စံအိမ်ဘက်ကိုခြေမချပါနဲ့ ''

အဘယ်အကြောင်းကြောင့်ထိုသို့ဆိုသည်ကို နားမလည်သော်လည်း လွေးအောင် ခေါင်းငြိမ့်ကာ နာခံလိုက်သည်

ခဏအကြာတွင် ဘဘကြီးသည် တိုက်ပုလေးထဲသို့ပြန်ဝင်သွားတော့သည်

" နားတော့လေ လူလေး ''

ဘဘကြီးသည် အခန်းတံခါးဝတွင် ရပ်ရင်းလွေးအောင်အားကြည့်ကာ ဆိုလိုက်သည်

" ဟုတ်ကဲ့ပါ ဘဘကြီး ''

ထို့နောက် လွေးအောင်သည် အိမ်တံခါးပေါက်ကိုပိတ်ကာ အခန်းထဲသို့ဝင်လာခဲ့သည်

အခန်းထဲရောက်၍ ကုတင်ပေါ်လှဲသည့်အခါ အချိန်သိပ်မယူလိုက်ရပါပဲ လွေးအောင် အိပ်ပျော်သွားတော့သည်

ပွင့်လက်စပြတင်းပေါက်မှ လေပြေများတိုးဝှေ့ဝင်လာခိုက် စံပါယ်နံ့သင်းသင်းတို့က ငြိကပ်ပါလာသည်

စံပါယ်နံ့သင်းသင်းသည် နှာခေါင်းဖျားတွင် လာရောက် ကျီဆယ်သည့်အခါ မကြာသေးခင်က ရှူရှိုက်လိုက်ရသည့် နှင်းဆီနံ့ဆူးဆူးကို မသိစိတ်မှ တမ်းတမိသည်

အိမ်ခေါင်မိုးတွင်တွဲခိုနေသည့် ရေစက်ကလေးများသည်မြေပြင်သို့ တဖြောက်​ဖြောက်ကျဆင်းချေသည်

ကောင်ကင်မှ ကြယ်တွေလတွေမမြင်ရအောင် မိုးတိမ်တို့အုပ်မှိုင်းနေသည့် ယနေ့ညတွင် စံအိမ်ထဲမှ တစ်စုံတစ်ယောက်သည်ရော အိပ်ပျော်မည်တဲ့လား

❣❣

အိပ်ခါနီးတွင် မပိတ်လိုက်ရသည့် ပြတင်းပေါက်မှတဆင့် နေရောင်ခြည်နုထွေးထွေးသည် လွေးအောင်၏ ချောမောသည့်မျက်နှာထက်တွင် အခန့်သားနေရာယူသည်

ပုံမှန်နိုးနေကြအချိန်တွင်ပဲ လွေးအောင်နိုးလာခဲ့သည်

မျက်ခွံကို လက်ဖြင့်ပွတ်သပ်ရင်း လွေးအောင် ကုတင်ပေါ်တွင် ထိုင်လိုက်သည်
လွေးအောင်သည် မထင်မှတ်ပါဘဲ ပြတင်းပေါက်မှတဆင့် စံအိမ်ဆီသို့အကြည့်ရောက်သွားသည်

စံအိမ်ရှေ့ ဖွေးဖွေးလှုပ်ကာ အပြိုင်အဆိုင်ပွင့်နေသည့် နှင်းဆီဖြူတွေကြောင့် မျက်နှာထက်အပြုံးတည်စေသည်

Beholders(complete) (Z+U)Where stories live. Discover now