Beholders -part. 31

550 36 1
                                    

31

မနက်မိုးလင်းသည့်အခါ ဘေးဘီသို့ လက်ဖြင့်စမ်းမိတော့ ယခင်အတိုင်းအေးစက်နေသည် ။

စောစောထပြန်ပြီထင်သည် ။

မနက်စောစောလေးတွေးသွားသောစိတ်တို့သည် မောင့်ကြောင့်လည်းပါမည်ထင်သည် ။

မူးမူးရူးရူး အိပ်ရာမှထတော့ ချစ်သောမောင်သည် လသာစောင်ကြမ်းပြင်ထက် ငူငူငိုင်ငိုင်ထိုင်လျက်တွေ့ရသည် ။
တည်ငြိမ်နေသော မောင့်မျက်ဝန်းများကြောင့် သူပိုစိတ်ကုန်ရသည် ။
ထိုမျက်ဝန်းများဟာ ဘာတွေကိုတွေးမြင်နေပါသနည်း ။

ထိုခေါင်းလုံးလုံးလေးထဲ ဘာတွေကိုများအတွေးခေါင်နေပါသနည်း ။

မောင်ဘာတွေ စဥ်းစားနေသလဲ သူသိချင်သည် ။
သူ၏အချစ်များသည် မောင့်အတွက် ' ထောင် ' များဖြစ်သွားသလား ။

အနားကို တိုးကပ်သွားရင်းထွေးပွေ့တော့ မောင်သည်အလိုက်သင့်လေးပြန်လည်ဖက်တွယ်လာသည် ။
သို့သောမောင်၏စိတ်တို့သည် သူ့ထံပါးရှိပါရဲ့လား ။

နောက်ဘက်ကျောပြင်မှ ဖက်တွယ်ထားသော သူ၏ကိုယ်နွေးနွေးဖြင့် အေးနေသောမောင်နွေးပါစေ ။
မောင်သည် အအေးဓာတ်ကိုများ မခံစားမိလောက်အောင် တောက်လောင်နေသလား ။

အေးသော ရာသီ၌ လသာဆောင်ထက် မောင်သည် အချိန်ဘယ်လောက်ကြာအောင် ထိုင်နေခဲ့သနည်း ။

မောင်ဘာကြောင့် ထိုင်နေသနည်း ။

မောင်ဘာတွေကြောင့် စိတ်ပင်ပန်းနေသနည်း ။

အို   .............   မောင့်ရင်ထဲကမီးတောက်သည် သူ့အားလည်း လှမ်း၍အပူဟပ်သည် ။

မောင်သည် မြင်နေရက်နဲ့ ဝေးသွားသည်မှာ ကြာချေပြီ ။

မောင့်ကိုဖက်ထားရာမှ ချက်ချင်းဖယ်လိုက်သော်လည်း မောင်သည် သေလူတစ်ယောက်နယ် သူ၏လှုပ်ရှားမှုကိုပင် သတိထားမိပုံမပေါ် ။

သူစိတ်တိုမိသည် ။ သူချစ်သောမောင် သူ့အားချစ်ပါရဲ့သေးလားဟုတွေးမိတိုင်း ရင်ဘတ်တစ်စုံသည် ပုစိန်နှင့်ပေါက်ခံရသည့်နယ် ။
မောင့်အား ပျော်စေလိုသလို သူလည်းပျော်လိုသည် ။

Beholders(complete) (Z+U)Where stories live. Discover now