Beholders-part.25

550 34 0
                                    

25

တဗြဲဗြဲရွာချနေသောမိုးနှင့်အပြိုင် ချစ်ရသူဟာ သူ့ရင်ခွင်၌မှီ၍ တရှုံ့ရှုံ့ရှိုက်ငိုနေတော့သည် ။
လန့်သွားသည်ထင်ပါ၏ ။

လက်ကလေးတွေဟာ လွေးအောင်၏ခါးကို တင်းကျပ်နေအောင်ဖက်တွယ်ထားသည် ။
မိုးအနည်းငယ်စိုနေသောရင်ခွင်ဟာ ချစ်ရသူ၏မျက်ရည်တို့ကြောင့် တဖန်ထပ်၍စိုလာပြန်သည် ။
အနည်းငယ်မိုးဆဲသွားချိန်အထိ သူဖက်ထားဆဲဖြစ်သည် ။

သွပ်ပေါ်သ်ို့မိုးစက်များကျသံအစား သွပ်အစပ်မှမိုးပေါက်များမြေပြင်သို့ခိုတွဲကျဆင်းသံက ပတ်ဝန်းကျင်တွင်တိုးဝင်လာသည် ။
ထိုအခါမှ ရင်ခွင်ထဲမှလူသားက အပြင်သို့တိုးထွက်လာသည် ။
မျက်ဝန်းတွေဟာလည်း သူနဲ့ရင်မဆိုင်ရဲစွာ ရှောင်ဖယ်နေကြသည် ။

" စံအိမ်တံခါးမကြီးကိုမပိတ်ပဲထားရသလားရိပ် "

ဆူငူငူပြောစကားဟာ ခဏတာအတွင်းရပ်တန့်သွားသည် ။
အကြောင်းမှာ ချစ်ရသူသည် နှုတ်ခမ်းလေးအနည်းငယ်စူ၍ သူ့ကိုတဖန်မော့ကြည့်လာသည် ။
တဆက်တည်းမှာပင်

" မဆူနဲ့ ငါ့ကိုမဆူနဲ့ "

လွေးအောင်သည် မျက်စိရှေ့မှ သူနှင့်မတိမ်းမယိမ်းကိုယ်လုံးလေးကို အတင်းပြန်ဖက်လိုက်တော့ ရုန်းထွက်သည် ။

" ကိုယ်ကရိပ်ကိုစိုးရိမ်လို့ပြောတာပါ ဆူတာမဟုတ်ပါဘူး "

" ငါက မင်းစံအိမ်ကိုလာရင် တံခါးခေါက်နေရမှာစိုးလို့ "

တိုးတိမ်ဝင်သွားသောအသံအဆုံးတွင် ထိုနှုတ်ခမ်းဖူးလေးများကို သူငုံ့နမ်းမိသည် ။

အရင်လိုနွေးထွေးညက်ညောဆဲဖြစ်သည် ။

အံဝင်ကွင်ကျဖြစ်သွားသော နှုတ်ခမ်းပါး နှစ်ခုအပြင် နှစ်ဦးနှစ်ယောက်၏ရင်ခုန်သံတွေဟာကျယ်ကျယ်လောင်လောင် ။
သူ့ကိုစိုးရိမ်လို့ ဟူသောအပြောလေး ၊ သူ့ကိုစောင့်နေတယ်ဟူသောအပြောလေးကြောင့် သူအသည်းယားစွာငုံ့နမ်းမိခြင်း ။

သူ့အတွက်တွေးပေးနေသည် ဟူသော စကားတစ်ခွန်းဖြင့်ပင် သူ့ရင်ဟာအရည်ပျော်နေပြီးမို့ ဆက်ထွက်ကျလာသောစကားများဖြင့်ဆိုလျှင် သူဟာ ပြာကျသွားနိုင်သည် ။

Beholders(complete) (Z+U)Where stories live. Discover now