Beholders-part.29

503 31 0
                                    

29

မြို့အနှံ့ရှင်လောင်းလှည့်ကြသည်များမှာ မျက်လုံးထဲ ဖိတ်ဖိတ်တောက်အောင်ပင် ။

ခေတ်မီသော အသုံးအဆောင် ၊ ကြွေထည် ၊ ငွေထည်တွေအပြင် အမျိုးမျိုးသော အထည်များဖြင့် လူချမ်းသားတို့၏ဂုဏ်ကိုဖော်ကြသည် ။

စံအိမ်သည် လမ်းမကြီးနှင့်ဝေးသောကြောင့် သခင်လေးတော့ ထိုရှင်လောင်းလှည့်သည့်လူများကိုမမြင်ရသော်ငြား လွေးအောင်သည်ကား ကျောင်းအပြန်တိုင်းမြင်တွေ့နေရမြဲဖြစ်သည် ။

ကာလသည်ကား ကထိန် ၊ ရှင်လောင်းလှည့် အလျှူပွဲများ တန်းစီနေသည့် တန်ဆောင်မုန်းလဖြစ်သည် ။

ဆောင်းရာသီအဝင်ပေမို့ လေထုသည် အနည်းငယ်အေးမြသည် ။

လွေးအောင်သည် လမ်းထိပ်မှသည် စံအိမ်ရှေ့သို့ စက်ဘီးတွန်းလာခဲ့ရသည် ။
အကြောင်းမှာ ရှည်လျားလှသော ရှင်လောင်းလှည့်ပွဲကြောင့်ပင် ။

စံအိမ်ရှေ့အရောက်ထိ တွန်းလာသော စက်ဘီးလေးသည် စာတိုက်ပုံးရှေ့တွင် ရပ်တန့်သွားသည် ။
လစဥ်လာနေကျစာလေး သူ့ဆီမပို့တော့သည်မှာ နှစ်နှစ်ကျော်ချေပြီ ။

တခါတရံမြို့တွင်း၌ ခင်ထားနှင့်ဆုံသည့်အခါ လွေးအောင်သည် နှုတ်ဆက်ဖို့မဝံ့မရဲဖြစ်ရသည် ။
နှစ်ဖက်မိဘစီစဥ်ထားသည်များကို ခင်ထားဘက်မှ အကုန်ဖျက်သိမ်းခဲ့သည် ။

ခင်ထားတစ်ယောက် သူ့ကိုစိတ်ဆိုးလေသလား ။ စိတ်ကုန်သွားလေသလား သူမသိခဲ့ပါ ။

သိခဲ့ရန်လည်းမကြိုးစားခဲ့ချေ ။

လွေးအောင်သည် စာတိုက်ပုံးထဲ၌ ရောက်နေသော စာတစ်စောင်ကိုကိုင်၍ စံအိမ်ထဲသို့ပြန်ဝင်လာခဲ့သည် ။

စက်ဘီးတွန်းရင်းပင်စာအိပ်အား ဖွင့်ဖတ်ခဲ့သည် ။
လွေးအောင်၏ဖခင်ထံမှစာဖြစ်သည် ။

အကြောင်းအရာမှာ  ရွာ၌ကျင်းပပြုလုပ်မည့်ရှင်းလောင်းအလျှုအတွက် လိုအပ်သည်များကိုဝယ်ရန် ရှေ့အပတ်တွင်မြို့သို့တက်လာခဲ့မည်ဖြစ်ကြောင်း အသိပေးစားဖြစ်သည် ။

မှင်ရောင်မထင်တထင် လက်ရေးများ ။

ထိုစာ အတိုင်း တစ်ပတ်အကြာတွင် မြို့သို့ လွေးအောင်၏ဖခင်နှင့် ခင်အေးတို့နှစ်ယောက်ရောက်လာခဲ့သည် ။
ဖခင်ဖြစ်သူသည် ဘဘကြီးနှင့်အိပ်ခန်းမျှသုံးခဲ့ပြီး ခင်အေးသည်တော့ လွေးအောင်၏အခန်းတွင်သာ တည်းစေသည် ။
လိုအပ်သည်များကို ဝယ်ယူရန်အပါအဝင် ဖိတ်စာတစ်ချို့အတွက် အချိန်သုံးရက်မျှနေရမည်ဟု ဆိုသည် ။

Beholders(complete) (Z+U)Where stories live. Discover now