Beholders-part.18

588 42 0
                                    

18

" ငါ့အနားမှာပဲနေပေး ''

ထိုစကားလေးတစ်လုံးကြောင့် လွေးအောင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည် ။
သခင်လေးက ထွက်သွားဆိုရင်တောင် သူသည် ခရုတစ်ကောင်လိုတွယ်ကပ်နေပေးချင်သူဖြစ်သည် ။

" နေပေးရမှာပေါ့ သခင်လေးနေပေးစေချင်သ၍ လွေးကနေပေးရမှာပေါ့ "

သူ့ဘက်မှစိတ်ရင်းနှင့်အမှန်ကိုပြောခြင်းဖြစ်သလို တကယ်လည်းပြောသည့်အတိုင်းလုပ်မှာဖြစ်သည် ။

ထိုမျက်လုံးဝိုင်းလေးတွေ ၊ ထိုအကြည့်တွေ ၊ ထိုအပြောတွေဟာ သူ့အတွက်သူ့ရင်တွင်းသို့တဆစ်ဆစ်တိုးဝင်စေသောဆူးများဖြစ်သည်။

ချွန်ထက်သည့်အပြင် ဟိုးအတွင်းပိုင်းနက်နက်အထိထိုးဝင်ထိရှစေသော ရက်စက်စေနိုင်သည့်လက်နက်ဖြစ်သောဆူးများဖြစ်သည် ။

အကြည့်တွေဟာ သခင်လေးအပေါ်ရိုးသားပါသည် ။
သူပျော်သ၍ ကိုယ်ဟာသူ့အနားရှိနေမြဲအတိုင်းပင် ။

" လွေးကအိပ်ချင်နေရင်တော့ နားပါ​တော့ ငါ့ဘာငါနေနိုင်တယ် ''

လွေးအောင် ခေါင်းရမ်းခါရင်းငြင်းလိုက်သည် ။

ယနေ့ကျမှ သူ၏ချစ်ရသော ငြိမ်သက်နေသည့်ပင်လယ်ပြင်လေးဟာ လှိုင်းပုတ်သံတွေများလို့ပါလား ။

နှုတ်ခမ်းသားရဲရဲတွေမှ ထိုစကားလုံးလေးများကို ကြိုးနှင့်သီကုံးထားချင်သည်။

" လွေးကို အထီးကျန်နေတယ်ဆိုတဲ့သခင်လေးအကြောင်းပြောပြလေ အထီးကျန်ခြင်းတွေကို လွေးကသယ်ဆောင်သွားပေးမှာမို့ ''

ထို့နောက် ပင်လယ်ပြင်မှ လှိုင်းပုတ်သံအပြင် လေတိုးသံသဲ့သဲ့လေးကိုပါကြားရသည် ။

သက်ပြင်းရဲ့ရဲ့လေးပါပဲ ။

သခင်လေး၏မထင်မှတ်ပါဘဲ လွှင့်ထုတ်လိုက်ရာသက်ပြင်းလေးနောက် လွေးအောင်လိုက်လံမေးမြန်းမိသည် ။
ထိုသက်ပြင်းလေးနောက် ပူလောင်ခြင်းများ ၊ ဝမ်းနည်းခြင်းများ နှင့် အစိုးရောက်ခြင်းများ ပါသွားသလားဟူ၍ ။

" ငါလေ တစ်ခါတလေ အဝေးမှအဝေးကြီးကိုတစ်ယောက်တည်းတိတ်တိတ်လေးထွက်ပြေးချင်တယ် စိုးရိမ်တကြီးနဲ့ဘယ်သူကများလိုက်ရှာမလဲသိချင်လို့ "

Beholders(complete) (Z+U)Where stories live. Discover now