Beholders -part(20)

603 39 0
                                    


" နမ်းလိုက်တာလားလွေး "

မျက်ဝန်းတွေထဲ၌ အံ့သြရောင်ကိုမတွေ့ရပါ ။

စိတ်ဆိုးသွားကြောင်းလည်း အချက်မပြပါ ။

တုန်လှုပ်နေပုံလည်းမရှိပါပဲ ပုံမှန်အတိုင်း စိတ်ပျော်နေသလိုမျက်ဝန်းများဖြစ်သည် ။

မျှော်လင့်တကြီးခေါင်းမော့ကာမေးလာသော အဖြေကို လွေးအောင် ပြန်ဖြေရန်စဥ်းစားမရဖြစ်မိသည် ။

ချစ်လွန်းလို့ ၊ မြတ်နိုးလွန်းလို့နမ်းမိပါ၏ဟုဖြေလျှင် သူ့အားသခင်လေးကမည်သို့ထင်မည်နည်း ။

မည်သို့ပြောမည်နည်း ။

ထို့အတူ ပတ်ဝန်းကျင်ကရော သူ့ကို အခြောက်တစ်ယောက် ၊ မိန်းမလျာတစ်ယောက်လို့ပြောကြမည်လား ။

ဟင့်အင်း  ။ သူသည် အခြောက်တစ်ယောက် ၊ မိန်းမလျာတစ်ယောက်မဟုတ်ပါ ။

သူအပြောခံရမည်ကိုကြောက်သလို သခင်လေးလက်ကိုရဲရဲတွဲကိုင်ရန်ပါလည်း ကြောက်မိသည် ။
ယုံကြည်မှုစိုးစီပင်သူ့ထံ၌ရှိမနေချေ ။

" ဖြေလေလွေးရဲ့ ဘာလို့နမ်းလိုက်တာလဲ "

မျက်ဝန်းနက်တွေဟာ သူ့ကိုတရားခံစစ်သလို စူးစိုက်ကြည့်လာသည် ။
သူအကြည့်တွေကို ချက်ချင်းဆိုသလိုရှောင်မိသည် ။

" ဖြေလေလို့ ငါမေးနေတာမကြာဘူးလား "

သခင်လေးသည် လွေးအောင်၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ လှုပ်ခါ၍မေးလိုက်သည် ။
လွေးအောင်ငြိမ်နေဆဲပင် ။

" မဖြေချင်ဘူးလားလွေး "

နောက်ဆုံးသောမေးခွန်းအဖြစ်မေးပြီးမကြာခင်မှာပင် သခင်လေးသည် လွေးအောင်၏ခြေဖမိုးပေါ်မှဆင်းသည် ။

လွေးအောင်၏ပုခုံးပေါ်ရှိ လက်ကိုရုတ်သိမ်းလိုက်သည် ။

အကြည့်တွေဟာလည်း လွေးအောင်ထံမှခွာသည် ။

တစ်လှမ်းနောက်ဆုတ်သွားသည် ။

နက်မှောင်မှောင်မျက်ဝန်းတွေကို အမီလိုက်ကြည့်မိတော့ အုံ့မှိုင်းကာ ရွံရှာမှုတွေကို လွေးအောင်မြင်ရသည် ။

Beholders(complete) (Z+U)Where stories live. Discover now