Beholders-part.5

925 60 0
                                    

မီးတွေဟာသိပ်လှတာပဲ
ပူလောင်သလောက်ကို ထွေးပွေ့ထားချင်စရာလဲကောင်းသပါ့

လွေးအောင်သည် တဖြည်းဖြည်းနှင့်ပြာကျနေသည့် မီးပုံအား စိတ်ဝင်တစားကြည့်နေမိသည်
လေတစ်ချင်ပင့်တိုက်လိုက်တိုင်း လွင့်လာသည့် မီးပွားလေးများဟာ ထိတွေ့ချင်လာအောင်မြူစွယ်နေသလားပင်
ရဲရဲနီနေသည့် မီးတောက်တွေဟာ ပတ္တမြားနှင့်ပင်ခပ်ဆင်ဆင်တူသည်
လွေးအောင်သည် မီးတောက်တွေမှတဆင့် ခင်ထားကိုသတိရသွားသည်
ခင်ထားသည် အနီရောင်ဆိုရင် သိပ်ကို သဘောတွေ့သူဖြစ်သည်

ခဏမျှအကြာတွင် လွေးအောင်သည် မီးပုံအား ရေငြိမ်းသတ်လိုက်တော့သည်
ခြံရှေ့ရှိအမှိုက်များရှင်းပြီးနောက် လွေးအောင်သည် ဘဘကြီးအား သွားရောက်ကူညီသည်

ဘဘကြီးသည် စံအိမ်ရှေ့မှ နှင်းဆီဖြူများအား ရေလောင်းနေသည်

လွေးအောင်သည် ဘဘကြီးအနားသို့ကပ်သွားကာ ပြောလိုက်သည်

" သား ဘာကူညီရမလဲ ဘဘကြီး ''

အနောက်သို့ရောက်နေသည့်လွေးအောင်အား ဘဘကြီးက လှည့်ကြည့်လာသည်

" အတော်ပဲ လူလေးရေ စံအိမ်ခြေရင်းဘက်မှာ စက္ကူပန်းအနီတွေ ပွင့်နေတယ်ကွယ် အဲ့ပန်းတရုံလုံးခုတ်လိုက်ပြီးရင် ခပ်ဝေးဝေးမှာစွန့်ပစ်လိုက်ကွာ ''

ဘဘကြီးသည် ထိုသို့ဆိုကာ ရေဗုံးနှင့်ပန်းပင်များကိုဆက်လက်၍ ရေလောင်းနေသည်

လွေးအောင်လည်း ဘာဘာညာညာမေးမနေတော့ပါဘဲ ဓားမ တစ်လက်ယူကာ စံအိမ်ခြေရင်းဘက်သို့ထွက်လာခဲ့သည်

စံအိမ်နှင့် သုံးလေးလံလောက်အကွာတွင် ဖွေးဖွေးလှုပ်အောင်ပွင့်နေသည့် စက္ကူပန်းအနီများကို တွေ့ရသည်
နီရဲရဲတောက်ကာ ထိရက်စရာမရှိအောင် လှနေသည်မို့ လွေးအောင် ခုတ်ပစ်ပါရန် လက်တွန့်မိသည်
လွေးအောင်သည် ဘဘကြီးကို တစ်ချက်ကြည့်လိုက် ပန်ရုံကြီးကို တစ်ချက်ကြည့်လိုက်နှင့် ဗျာများနေတော့သည်
ခုတ်ပစ်ရန်ပါလည်း နှမြောစရာကောင်းနေပြီး ဘဘကြီးခိုင်းထားတာမို့ အထွန့်မတတ်ချင်လည်းဖြစ်နေသည်
ထို့နောက် လွေးအောင်သည် ဘဘကြီးဆီသို့သာ သွားမေးရန်ဆုံးဖြတ်လိုက်သည်

Beholders(complete) (Z+U)Opowieści tętniące życiem. Odkryj je teraz