Beholders-part. 30

544 34 0
                                    

30

" မင်းကျောင်းပြီးရင် ရွာကိုတန်းပြန်လာခဲ့ ဒီကိစ္စကို ငါ့တစ်သက်လုံး လျှို့ဝှက်ထားပေးမယ် "

နှစ်ဦးသား သွေးအေးသွားချိန်မှ ထုတ်ဖော်လာခဲ့သော ခင်အေး၏သက်ညှာပေးမှုဖြစ်သည် ။

" ငါသူနဲ့ခွဲနိုင်ပါ့မလား "

ပြန်လည် အထွန့်တက်မိခြင်းသည် သခင်လေးအားချစ်သောစိတ်ကြောင့်ဖြစ်သည် ။

" သူနဲ့နေရင်လည်း မင်းလုံးပါးပါးသွားနိုင်တယ်လွေး မင်းက သူ့လို အိမ်တွင်းပုန်းနေလို့ရတဲ့သူမဟုတ်ဘူးလွေး လူမှုပတ်ဝန်းကျင်မှာ အလုပ်တွေလုပ်ရမယ် ။ ပေါင်းသင်းဆက်ဆံရမယ် ။ မင်းရဲ့ခုဖြစ်တည်မှုကို ဘယ်သူကများလက်ခံမလဲ မင်းတွေး "

ပြောပြောဆိုဆိုပင် ထသွားသောသူ၏ကျောပြင်အား လွေးအောင် တွေတွေလေးသာကြည့်နေခဲ့သည် ။

သူသည်ကြိုးတန်းပေါ်မှလူဖြစ်သည် ။

သူသည် တောအုပ်ထဲမှလူဖြစ်သည် ။

ဘယ်ဆီကိုပဲခြေလှမ်းပါစေ ၊ ဘယ်ဆီကိုပဲတိမ်းစောင်းပါစေ သေကြေပျက်စီးသွားနိုင်သည် ။

နောက်တနေ့တွင် စံအိမ်သို့သွားရန်တွေးမိရုံနှင့် ခင်အေးသည်သူ့အား မျက်လုံးစိမ်းများနှင့်လှည့်ကြည့်လာသည်အထိ သတိပေးသည် ။
သို့နှင့်ပင် သူသည် စံအိမ်သို့မရောက်ဖြစ်သည်မှာ သုံးရက်မြောက်ဖြစ်ခဲ့သည် ။

အချိန်သည်ကား နေဝင်ချိန်ဖြစ်သည် ။
ပတ်ဝန်းကျင်သည် မဲမှောင်လာပြီးနောက် ဖြူဝင်းလုံးမွတ်သော လသည် အသင့်နေရာယူတော့သည် ။

ကြယ်တို့အား ခြံရံကာ သာယာလှသောည၌ သူသည် သခင်လေးအား လွမ်းပါသည် ။
ထိုမျှ ရက်အနည်းငယ်နှင့်ပင် လွမ်းနေလျှင် တစ်ဘဝစာများခွဲရပါက သူသေလည်းသွားနိုင်သလို ၊ ရူးလည်းသွားနိုင်သည် ။

သာသောလကို ဘေးထား၍ သူတို့လေးဦးသည် မီးအိမ်ကိုဝန်းရံသည် ။

ညစာစားအပြီး စကားစမြည်ပြောကြရာဝယ် ထိုစကားဝိုင်းအတွင်း ဖယ်ရှောင်နေသည်မှာ သူသာလျှင်ဖြစ်သည် ။
ခဏမျှအကြာတွင် ဘဘကြီးသည် ချောင်းတစ်ချက်ဟန့်၍ သူ့အား ဦးတည်ကာ စကားဦးချီလိုက်သည် ။

Beholders(complete) (Z+U)Where stories live. Discover now