beholders-part.12

611 48 0
                                    

" စားပွဲပေါ်မှာ စာအိတ်ရှိတယ်လွေး ''

လွေးအောင်အားတစ်ချက်လှည့်မကြည့်ပါဘဲ ခပ်ပြတ်ပြတ်ပြောလာသည် ။

လွေးအောင်မျက်နှာတစ်ချက်ပျက်မိ၏ ။

ယခင်ကရင်းနီးသယောင်ရှိခဲ့သော သူတို့ဆက်ဆံရေးသည် ပထမဆုံးတွေ့စဥ်ကထက်ပိုအေးစက်နေသည် ။

လွေးအောင်သည် အနားရှိ စားပွဲဝိုင်းလေးပေါ်မှ စာအိတ်လေးကိုကောက်ယူလိုက်သည် ။

တစ်ဆက်တည်းမှာပင် ခါးတွင်ထိုးထားသော စာအုပ်လေးကိုဆွဲထုတ်လိုက်သည် ။

ထိုစဥ်

" ပြန်တော့ ငါနားတော့မယ် ''

ယခင်ကနှင်ထုတ်ခဲ့ဖူးသော လေသံနှင့်ကွဲလွဲစွာ ခပ်မာမာပြတ်တောင်းတောင်းအံကျလာသည့်အမိန့် ။

လွေးအောင်သည် လက်ထဲရှိ စာအုပ်လေးကို ကျစ်ကျစ်ဆုပ်ကိုင်ကာ မပေးဘဲပြန်လာခဲ့သည် ။

စိတ်တို့သည်လည်း လေလံလျက်ရှိသည်။

အကြောင်းမဲ့စွာပင် သူသည် ဝမ်းနည်းမှုကိုခံစားနေရသည် ။
ဝမ်းနည်းရခြင်းအကြောင်းကား သူစဥ်းစားမရချေ ။
သူသည် သခင်လေးစိမ်းကားသောကြောင်​့ဝမ်းနည်းသည်လား ။

အို  ...   မဖြစ်တန်ရာပါလေ ။

သခင်လေးလို ယောကျာ်းသားတစ်ယောက်ဖြစ်သည့် ချိုကြီး စိမ်းစိမ်းကားကားပြုစဥ်က သူ့ရင်တွင်း မည်သို့မျှမခံစားရပါချေ ။

သို့ဆိုလျှင် သူသည် ဘာကိုဝမ်းနည်းနေသနည်း ။

သခင်လေးထံမသွားခင်အချိန်ထိသူပျော်နေခဲ့သည်
သူမတွေးနိုင်တော့ပါ ။

သူသည် သခင်လေးဆိုသူ၏ အာရုံစိုက်မှု ၊ အလေးပေးမှု လေးများကို တောင်းတနေမိသည် ။

ဤသည်ကား ဘာကြောင့်ပါ့လိမ့် ။

အချစ်ဟုဆိုစေထားပါရန်လည်း သခင်လေးသည် မိန်းကလေးတစ်ယောက်မဟုတ်ပါဘဲ ယောကျ်ားလေးတစ်ယောက်ဖြစ်နေသည်။

သူခေါင်းကိုသာအကြိမ်ကြိမ်ခါရမ်း၏ ။

လက်ထဲရှိစာအိတ်ကိုလည်း သူသတိမရပါလေ ။
သူ့ရင်တွင်း တစ်စုံတစ်ခုသည် တစ်စို့နေသလို ၊ တစ်ခုခုကို အလိုမကျသလို တနုံ့နုံ့နှင့်ခံရခက်နေသည် ။

Beholders(complete) (Z+U)Where stories live. Discover now