Beholders -part.33.End

2.2K 47 16
                                    

33

သခင်လေးသည် သူ့အားနေ့လယ်တွင်ပြောစရာရှိသည်ဟု ဆိုခဲ့သောကြောင့် သူအချိန်မီပြန်လာခဲ့သည် ။
စံအိမ်တွင်း မီးလင်းဖိုရှေ့တွင်ဖြစ်သည် ။
သခင်လေးသည် ယခင်အတိုင်း မီးလင်ဖိုရှေ့ ထိုင်ခုံတွင် ကျကျနနထိုင်၍ ပြာကျသွားသော မီးဖွားလေးများကို တစိမ့်စိမ့်ကြည့်သည် ။

" ပြန်လာပြီလားမောင် "

နူးညံ့နေသော်ငြား ချွဲနွဲ့မှုကင်းသော စကားလုံးတို့နောက်ဆုံးတွင် အပြုံးတစ်ချို့လည်းကပ်ငြိပါဝင်သည် ။

ထို့နောက် မတ်တပ်ရပ်နေသည့် လွေးအောင်၏အနားသို့ ဖြည်းဖြည်းချင်းလှမ်းလာသည် ။
လက်သုံးလုံးခန့်ပိုရှည်သော လွေးအောင်၏အရပ်အား မော့ကြည့်သည် ။

" မောင်နဲ့ငါ ရပ်လိုက်ကြရအောင် "

သူသည် အသံကို မနည်းထိန်း၍ မတုန်အောင်ပြောနေရသည် ။
လွေးအောင်သည် သူ့စကားအားနားမလည်သလို မျက်လုံးအိမ်များပြူးကျယ်၍ ငုံ့ကြည့်လာသည် ။

" မောင်နဲ့ငါရဲ့ ဆက်ဆံရေးကို ရပ်ကြရအောင်လို့ "

" ဘာလို့လဲ ရိပ် "

" ငါ့ရဲမောင် ပင်ပန်းလို့နေပါပြီ ။ ငါလည်းပင်ပန်းတယ်မောင် ။ မောင့်ပျော်ရွှင်မှုတွေပြောက်ဆုံးနေတာဟာ ငါ့ကိုလည်းမပျော်ရွှင်စေနိုင်ဘူးမောင်ရဲ့ "

လွေးအောင် မငြင်းတော့ပါ ။ ငြင်းမိဖို့ပင် မတတ်စွမ်းနိုင်သည့် ပျော့ညံ့သော ယောကျ်ား တစ်ယောက်ဖြစ်သည် ။
တဆက်တည်းမှာပင် လွေးအောင်ငြင်းလိုက်ပါက သခင်လေးသည်သူ့အားဆွဲထားလေအုန်းမလားဟူသော ညစ်ထေးထေးစိတ်ကဝင်လာပြန်သည် ။

" ငါလေ မောင့်အနားကိုမလာခဲ့သင့်တာပါ ။ ငါဟာလေ ခြောက်ထဲကနေ မောင့်ကိုလက်ရက်ခေါ်ခဲ့မိတယ် ။ မောင့်ဘဝလေးကို ငါ့ရဲမဲမဲမှောင်နေတဲ့ရပ်ဝန်းကို မခေါ်ခဲ့သင့်ဘူး "

ထို့နောက် သခင်လေးသည် လွေးအောင်အားကျောခိုင်း၍ရပ်လိုက်သည် ။

" မောင့်ဖေဖေ မရှိတော့ဘူး ရိပ် ။ မောင်တို့ကိုကန့်ကွက်မယ့်သူမရှိတော့ဘူးလေ ရိပ်ရဲ့ "

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Nov 27, 2021 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Beholders(complete) (Z+U)Tahanan ng mga kuwento. Tumuklas ngayon