Beholders-part.26

534 35 0
                                    

26

* ဘဝမှာ တစ်ခါမျှ ပထဆုံးသောအချစ်ကို အသက်အရွယ်တစ်ခုမှာကြုံတွေ့ခဲ့ကြရပြီး ထိုအချစ်ကြောင့် သန်မာခြင်း ၊ ပျော့ခွေခြင်းတွေဖြစ်တည်လာကြသည် ။ နာကျင်ခြင်း ၊ ပျော်ရွှင်ခြင်းတွေဟာ အတိတ်များဖြစ်သွားသော်ငြား ရင်၌ကဗ္ဗည်းတင်ထားသလားထင်ရအောင် အတပ်တပ်မှတ်မိနေကြသည် ။ *

မထူးမပါးစာအုပ်လေးကိုပိတ်လိုက်ချိန်တွင် ဆူးထံပါး ထိုစကားလုံးများဟာ ပဲ့တင်ထပ်နေသည် ။
ဆေးမိသူတစ်ယောက်လို မျက်နှာသေဖြင့် တစ်နေရာတည်းကိုသာ ငေးတွေးနေသည် ။

ဆူးတစ်ယောက် ချိုကြီးအိမ်မှ ပြန်လာခဲ့သည်မှာ နှစ်ရက်ကြာချေပြီ။

ထိုနေ့ကလောက် ရင်ထဲခံပြင်းမနေတော့သော်လည်း နာကျင်မှုလေးတော့ရှိသေးသည် ။

အို  .......... နာကျင်ခြင်းတွေဟာ သို့လော သို့လောနှင့်ကုန်ဆုံးသွားပါလိမ့်မည် ။

" ဟိတ် ငြိမ်နေတဲ့ဆူးလေးက စာအုပ်ကိုချပြီး ကျွန်တော့်ကိုကြည့်ပါအုန်း "

အာလေးလျှာလေးအသံနှင့် ဆူးအနားတွင် ရစ်သီရစ်သီလုပ်နေသူကို ဆူးစိုက်၍ကြည့်လိုက်သည် ။
ခဏအကြာမှာတော့ လူမှန်းသူမှန်းမသိအောင်မူးနေသူကို မောင်အေးမှလာ၍ဆွဲခေါ်သွားသည် ။
ဟုတ်ပါသည်လေ ။ ဆူးဟာ ယခုလို အရက်နံ့များမွှန်ထွန်နေပြီး မူးမူးရူးရူးလူတွေရှိတဲ့ပတ်ဝန်းကျင်နဲ့ပဲလိုက်ဖက်သည်မဟုတ်ပါလား ။

ဆူးတစ်ချက်ပြုံးမိသည် ။
ခပ်ခြောက်ခြောက်အပြုံးတွေ၌ ထေ့ငေါ့ခြင်းတွေလည်းပါသည် ။

အချိန်သည်ကား ည ၉ နာရီဖြစ်သည် ။

ဆိုင်တွင် လူငယ်တွေချည်းသာရှိသောကြောင့် ဆူးနေ့တိုင်းလာကာ စောင့်ကြပ်နေရခြင်းဖြစ်သည် ။
ည ၉နာရီကျော်ရင်ဖြင့် ဆူးတို့ဆိုင်ကိုပိတ်ခဲ့ကြသည် ။

ဆူးသည် သူမနှင့်အတူ အိမ်တွင်စောင့်အိပ်ပေးနေကြ မောင်အေးနှင့်အတူ စက်ဘီးစီးကာအိမ်ပြန်လာခဲ့သည် ။
အိမ်ပြန်လမ်းတလျှောက်လုံး တိတ်ဆိတ်နေသည့် စက်ဘီးနောက်ခုံမှ ဆူးကို မောင်အေးအသံပြုမိသည် ။

Beholders(complete) (Z+U)Opowieści tętniące życiem. Odkryj je teraz